Published 9 July 2021

လတ်တလောကူးစက်မှု မြန်ဆန်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းနှင့် ဓာတ်ခွဲခန်း(၁၂)ခုကို သက်ဆိုင်ရာက ခွင့်ပြုထားကြောင်းသိရပါတယ်။ အဲဒီဆေးရုံဆေးခန်း(၁၂)ခုမှာ ကိုဗစ်ရောဂါပိုးရှိမရှိကို အခကြေးငွေပေးပြီး စစ်ဆေးနိုင်ကြောင်း တာဝန်ရှိသူတွေဆီကသိရှိရပါတယ်။

 အဲဒီဆေးရုံ၊ဆေးခန်းနှင့်ဓါတ်ခွဲခန်းတွေကတော့  

၁။ ပန်းလှိုင်ဆေးရုံ၊လှိုင်သာယာမြို့နယ်

၂။  Dagon Medicare၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်

၃။ ဝိတိုရီယဆေးရုံ၊ မရမ်းကုန်းမြို့နယ်

၄။ N-Health Myanmarဓာတ်ခွဲခန်း၊လမ်းမတော်မြို့နယ်

၅။ Yangon Aerodrome ဓာတ်ခွဲခန်း၊ မင်္ဂလာဒုံလေဆိပ်ဝင်း

၆။ အာယုဆေးရုံ၊တာမွေမြို့နယ်

၇။ ကေဘီစီဆေးရုံ။ ကျမ်းစာကျောင်းကုန်း၊အင်းစိန်မြို့နယ်

၈။ ဗဟိုစည်ဆေးရုံ၊လမ်းမတော်မြို့နယ်

၉။ OSC ဆေးရုံ၊မြောက်ဥက္ကလာပမြို့နယ်

၁၀။ ရွှေဂုံတိုင်(SSC) ဆေးရုံ၊ ဗဟန်းမြို့နယ်

၁၁။ အေးဓာတ်ခွဲခန်း၊ လမ်းမတော်မြို့နယ်

၁၂။ SML ဓာတ်ခွဲခန်း၊ ဒဂုံတာဝါ၊ဗဟန်းမြို့နယ် 

တို့ဖြစ်ကြောင်းသတင်းရရှိပါတယ်။ 

လာရောက်စစ်တဲ့အခါ ဆေးရုံတွေက PPE ဝတ်စုံခ၊ လက်အိတ်ခတွေပါ စစ်တဲ့အထဲပေါင်းယူတဲ့အတွက် တစ်ဦးချင်းစစ်ရင် တစ်ယောက်ကို ကျပ်ခြောက်သောင်းဝန်းကျင် ရှိနိုင်ပြီး အဖွဲ့လိုက်လာစစ်ရင် PPE ဖိုးသက်သာတဲ့အတွက် တစ်ဦးကို ကျပ်နှစ်သောင်းဝန်းကျင်သာရှိပြီး သက်သာနိုင်ကြောင်း ပုဂ္ဂလိကဆေးရုံတစ်ရုံမှ တာဝန်ရှိသူတစ်ဦးက Yangon Times ကိုရှင်းလင်းပြောကြားခဲ့ပါတယ်။