Published-11 Nov 2021

မြန်မာနိုင်ငံမှာ တိုးပွားလာနေတဲ့ အကြမ်းဖက်မှုတွေအပေါ် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မှုဖြစ်ကြရတယ်လို့ ကုလသမမဂ္ဂလုံခြုံရေး ကောင်စီက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အဲဒီအပြင် တိုက်ခိုက်မှုတွေကို ချက်ခြင်းရပ်ဆိုင်းကြဖို့နှင့် စစ်တပ်အနေနှင့် အစွမ်းကုန် ချုပ်တည်းဖို့ကိုလည်း အဖွဲ့ဝင်(၁၅)ဦးလုံးရဲ့ ရှားရှားပါးပါး သဘောတူညီချက်နှင့်ထုတ်ပြန်တဲ့ အဆိုပါကြေညာချက်မှာ ဖော်ပြထားတယ်လို့ ရိုက်တာက ရေးပါတယ်။

“ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအနေနှင့် မြန်မာနိုင်ငံတစ်လွှားက လက်ရှိဖြစ်ပေါ်နေသော နောက်ထပ်အကြမ်းဖက်မှုများ အတွက် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိပါသည်။ သူတို့က အကြမ်းဖက်မှုများကို ချက်ခြင်းရပ်ဆိုင်းရန်နှင့် အရပ်သားများ၏ ဘေးကင်းလုံခြုံရေးကို အာမခံကြရန်တောင်းဆိုလိုက်ပါသည်” လို့ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိ ပါတယ်။

“ မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားနှင့်အညီ  တွေ့ဆုံဆွေးနွေးမှုများနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို ဆောင်ရွက်ကြဖို့ လုံခြံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက တိုက်တွန်းအားပေးပါသည်” လို့လည်း ကြေညာချက်ထဲမှာ ပါရှိပါတယ်။

အကူအညီတွေလိုအပ်နေတဲ့ ပြည်သူအားလုံးထံ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ အပြည့်အဝနှင့်လုံခြုံမှုရှိရှိ နောကမကျဘဲ ရောက်ရှိသွားစေဖို့နှင့်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဆေးဝါးဆိုင်ရာ ဝန်ထမ်းများရဲ့ လုံခြုံဘေးကင်းရေးအတွက် အကာအကွယ်ပေးဖို့ကိုလည်း ကောင်စီက တိုက်တွန်းထားပါတယ်။

Ref: Reuters News