#Local_News
Published_ 14 September 2023


ထိုင်းနိုင်ငံအလယ်ပိုင်းဒေသ အန်ထောင် - အယုဒ္ဓယ အဝေးပြေးကားလမ်းပေါ်တွင် တရားမဝင် မြန်မာအလုပ်သမား ၁၃ ဦးကို တင်ဆောင်လာသည့်ယာဉ်တစ်စီးကို ဖမ်းမိခဲ့ကြောင်း ထိုင်းနိုင်ငံ အတွင်းရှိ သတင်းမီဒီယာများ၏ ဖေါ်ပြချက်အရ သိရသည်။

 

အဆိုပါ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ယာဉ်မှာ အယုဒ္ဓယအဝေးပြေးကားလမ်း မပေါ်တွင် ထိုင်းရဲများက မသင်္ကာတာကြောင့် တားဆီးသော်လည်း မရပ်ပေးဘဲ မောင်းပြေးတာကြောင့် တာယာ၃ လုံးကွဲတဲ့အထိ ဖြစ်ကာ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများမှာ မဲဆောက်မြို့မှတစ်ဆင့် အယုဒ္ဓယပြည်နယ်ကို လာခြင်း ဖြစ်ပြီး ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၁၅၀၀၀ပေးခဲ့ရကြောင်း သိရသည်။

 

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လာသည့် မြန်မာအလုပ်သမား ၁၃ ဦးနှင့်ယာဉ်မောင်း ထိုင်းနိုင်ငံသားကို ထိုင်းနိုင်ငံဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းသတင်းမီဒီယာများ၏ ဖေါ်ပြချက်အရ သိရသည်။

 

#YMG/LW #Local_News #ထိုင်းနိုင်ငံအတွင်း #တရားမဝင်ဝင်ရောက်
#Yangon_Times