#Local_News
Published_ 14 September 2023

တောင်ကိုးရီးယားနိုင်ငံသို့ စက်တင်ဘာလအတွင်း EPS စနစ်ဖြင့် ၄ ကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၆၀၀ ခန့်စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးမှ သိရသည်။

 

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၁၅၁)ဦးကို စက်တင်ဘာ ၁၃ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် (၁၄၇)ဦးကို စက်တင်ဘာလ ၁၂ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ်(၁၀၅)ဦးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ်(၄၀)ဦးကို စက်တင်ဘာလ ၆ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် ၁၄၂ဦးကို စက်တင်ဘာလ ၅ရက်တွင် လည်းကောင်း စေလွှတ်ခဲ့ကြောင်း သံရုံးမှသိရသည်။

 

အဆိုပါ အလုပ်သမားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း မြန်မာလုပ်သား (၁၀၀၀) ကျော်စေလွှတ်ခဲ့ကြောင်း သိရသည်။


#Local_News #EPS စနစ် #မြန်မာလုပ်သား
#Yangon-Times/PP