ညောင်ဦးတွင် ရေကြီးနိုင်၍ ကူညီကယ်ဆယ်ရေးအသင့်ပြင်ထား

‘ ညောင်ဦးမှာ ဧရာဝတီမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ရောက်နေပါတယ်။လောလောဆယ်တော့ ကမ်းနားမြေနိမ့်ပိုင်းရပ်ကွက်အချို့မှာ ရေဝင်တာနဲ့ရပ်ကွက်သွားလမ်းတွေပေါ်ပဲ ရေရောက်ရှိတာတွေပဲရှိသေးပြီး စိုးရိမ်စရာအခြေအနေမရှိသေးဘူး။ရေကင်းတွေပတ်ပြီး အရေးပေါ်ပြောင်းရွေ့ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်’ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 6 September 2023
#YMG #Yangon_Times