Published_ 6 September 2023

ယနေ့ စက်တင်ဘာ(၆)ရက်မှစ၍ ယာဉ်မှန်/မမှန်စစ်ဆေးခြင်းအပါအဝင် ပြောင်း လဲခြင်းများနှင့် နယ်ဝင်ယာဉ်စစ်ဆေးခြင်းများကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က သိရသည်။

ထို့သို့ စစ်ဆေးရာတွင် ယာဉ်မှန်/မမှန် စစ်ဆေးခြင်း၊ အင်ဂျင်ပြောင်း၊ ဆေးရောင်ပြောင်း၊ ကိုယ်ထည်ပြောင်းစသည့် ပြောင်းလဲခြင်းများနှင့် နယ်ဝင်မော်တော် ယာဉ်စစ်ဆေးခြင်း(ဆိုင်ကယ်မပါ)တို့ကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်‌သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန အနေဖြင့် ၂၀၂၁ မတ် ၂၂ ရက် မှ ၂၀၂၃ စက်တင်ဘာ ၃၀ ရက်အထိ အများပြည်သူသယ်ယူပို့ဆောင်ရေးခရီးသည်တင်ယာဉ်များကိုသာ Road Safety ဖြစ်ရန် စစ်ဆေးပေးခဲ့သည်ဟုသိရသည်။

အဆိုပါ ကာလအတွင်း အခြားမော်တော် ယာဉ်နှင့်ဆိုင်ကယ်များအားလုံးကို စစ်ဆေးခြင်းမပြုဘဲ၊ နှစ်လဲသက်တမ်းတိုးဆောင်ရွက်ခြင်းများကို ၂နှစ် ၆လ အတွင်း (၈)ကြိမ် စစ်ဆေးခြင်းကင်းလွှတ်ခွင့် ပြုခဲ့ကြောင်း ကညနက အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် ယနေ့မှစ၍ ယာဉ်မှန်/မမှန်စစ်ဆေးခြင်းအပါအဝင် နယ်ဝင်ယာဉ်စစ်ဆေးခြင်းများကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/my
#Local_News
#MG #Yangon_Times