#Local_News
Published-3-September-2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်ထားရှိသည့် မာရဝိဇရ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စက်တင်ဘာ (၄)ရက်မှစတင်၍ လူဝင်ကြေးအခမဲ့ဖြင့် ဖူးမြော်ကြည်ညိုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သို့သော် မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဉယျာဉ်တော်ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကုသိုလ်တော်ပါဝင်နိုင်ရေး သတ်မှတ်ရာတွင်  ကင်မရာပါသောဖုန်းများ (keypad ဖုန်းမပါ) ကျပ် ၁,၀၀၀၊ အပျော်တမ်းကင်မရာ ကျပ် ၅,၀၀၀၊ အလှဓာတ်ပုံရိုက်ခြင်းနှင့် Pre Wadding ရိုက်ကူးလျှင် နှစ်နာရီစာ အတွက် ကျပ် ၅၀,၀၀၀(နာရီဝက်ပိုတိုင်း ကျပ် ၅၀၀၀)ပေးဆောင်ရမည်ဟုသိရသည်။

 

ထို့အပြင် ဥယျာဉ်တော်အတွင်း အိမ်စီးယာဉ်ငယ်များ ရပ်နားပါက ယာဉ်ငယ် တစ်စီး ကျပ် ၂၀,၀၀၀ သတ်မှတ်ထားပြီး အိမ်စီးယာဉ်များမှအပ အခြားသောယာဉ်များဝင်ခွင့်မပြုကြောင်း အသိပေးထားသည်။

 

Buggy စီးနင်းခြင်းနှင့်ပတ်သက်၍လည်း အသက်အရွယ်ပြီးရင့်သူများနှင့် ကျန်းမာရေးမကောင်းသူများအတွက်သာ စီးနင်းခွင့်ပြုထားကြောင်း မေတ္တာရပ်ခံထားသည်။

 

မာရဝိဇရ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြီးခဲ့သော ဩဂုတ် (၈)ရက်ကစ၍ အခမဲ့ဖူးမြော်ကြည်ညိုခွင့်ပြုထားရာ လာရောက်ဖူးမြော်သူ များပြားခဲ့ကြောင်း သိရသည်။

 

#YMG/my #Local_News #မာရဝိဇရ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
#Yangon_Times