#Local_News

Published-3-September-2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လိုအား ကောင်းနေတာကြောင့် ဂျင်းတပိဿာလျှင် ကျပ်၇၀၀၀နီးပါး အထိ ဈေးမြင့်နေကြောင်းအောင်ပန်းရှိ ဂျင်းဝယ်ရောင်းသည့်ကုန်သည်များထံကသိရသည်။


 
ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းမှစတင်၍ ပြည်ပဝယ်လိုအား ရှိလာသည့်အတွက် ဂျင်း ဈေးကွက်မှာ ဈေးမြင့်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ကြောင်းသိရသည်။

 

"ဂျင်း ဈေးကွက်က ပြည်ပ ဝယ်လိုအားကောင်းနေတယ် ဘင်္ဂလားဒေ့ရှ်က အဝယ် ပိုများတဲ့ ဂျင်းဥမအခက်ကြီးက ဈေးကွက်ထဲ ရှားတော့ စိုက်ပျိုးသူတွေဆီကနေ မနည်းလိုက်စုရတယ် ဒါကြောင့် အခြားအမျိုးစားဈေးအနည်းငယ်အတတ်အကျရှိပေမယ့် ဂျင်းဥမအခက်ကြီးကတော့ အခုဈေးထက် မြင့်ဖို့ပဲရှိမယ်""ဟု အောင်ပန်းမှ ဂျင်းကုန်သည်တစ်ဦးက ပြောသည်။

 

အောင်ပန်း ကုန်စည်ဈေးကွက်တွင် ဂျင်းဥမ အခက်ကြီး အသန့်တစ်ပိဿာလျှင် ၆၅၀၀မှ ၆၇၀၀ကျပ် ၊ ဂျင်းဥမ မြေနီ ဘောင်တုတ် အလတ်စ တစ်ပိဿလျှင် ၅၃၀၀မှ ၅၅၀၀ကျပ် ၊ ဂျင်းဥမ အသေးစတစ်ပိဿာလျှင် ၄၀၀၀ကျပ် ၊ ထိုးဂျင်း ခေါ် ဂျင်းအပယ်စ တစ်ပိဿာလျှင် ၂၈၀၀ခန့်ရှိကြောင်းသိရသည်။

 

#YMG/my #Local_News #ဘင်္ဂလားဒေ့ရှ်နိုင်ငံ #ဂျင်းတစ်ပိဿာ
ကျပ်၇၀၀၀နီးပါးဖြစ် #Yangon_Times