#Local_News
Published-2 September 2023

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး သူငယ်ချင်းထံ အကြွေးသွားတောင်းရာမှ သူငယ်ချင်းက ဖုန်းပိတ်ထားကာ ရဲထပ်ဖမ်း၍ ၎င်းတွင်ပါလာသည့်ငွေအကုန်ယူသွား၍ ဒုက္ခရောက်၍ နှလုံးလှပရဟိတသွေးလှူရှင်များအဖွဲ့ထံ ဆက်သွယ်လာခဲ့ကြောင်း သိရသည်။

 

မလေးရှားနိုင်ငံ ပီနန်းမြို့တွင်နေသူ ကိုကျော်သူသည် သံရုံးသို့စာအုပ်လာလျှောက်ရင်း အကြွေးရစရာရှိသော သူငယ်ချင်းနေထိုင်ရာ ကေအယ်- ဆန်းဝေးမြို့သို့ ဩဂုတ်လနောက်ဆုံးအပတ်ကသွားခဲ့ရာ ဆန်းဝေးရောက်ချိန်၌ သူငယ်ချင်းကဖုန်းမကိုင်တော့ကြောင်း သိရသည်။

 

ယင်းကဲ့သို့ အခက်ဖြစ်နေချိန် ရဲကားကလာစစ်ဆေး၍ ပြစရာအထောက် အထားမရှိ၍ ရဲက ပါလာသည့်ပိုက်ဆံအကုန်ယူသွားကြောင်း ယင်းအသင်းကသိရသည်။

 

သို့ဖြစ်ပါ၍နံနက် ( ၁၀ )နာရီအချိန်ခန့်တွင် ထမင်းလည်းစားစရာမရှိ ပြန်စရာလမ်းစရိတ်မရှိသည့်အတွက် နှလုံးလှအဖွဲ့ထံအကူအညီတောင်းခံခဲ့၍ အသင်းအနေဖြင့် အလုပ်များနေသည့်အတွက် ညပိုင်းတွင် ၎င်းဆီသွားရောက်ကာ ပီနန်းသို့ပြန်ရန် စားစရိတ်ကအစ ညတွင်းချင်းပဲအဆင်ပြေအောင်ကူညီပေးခဲ့ကြောင်း နှလုံးလှပရဟိတအဖွဲ့က သိရသည်။

 

#Local_News #မလေးရှား #အကြွေးသွားတောင်း #Yangon_Times/PP