#Local_News
Published 2 September 2023


MSME လုပ်ငန်းရှင်များအား ငွေထုတ်ချေးရန် ဘီလီယံ ၁၇၀ မတည်ရန် ထည့်သွင်းပေးထားကြောင်း အသေးစားနှင့်အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးတိုးတတ်ရေးရန်ပုံငွေ စီမန်ခန့်ခွဲမှု အဖွဲ့ဥက္ကဌ ၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောသည်။

 

စက်တင်ဘာ ၁ရက်တွင် ပြုလုပ်ခဲ့သော အသေးစားနှင့်အငယ်စား အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME )အတွက် ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ချေးငွေအဆိုပြုလွှာနဲ့တင်ပြရမည့် အထောက်အထားတို့ကို ဒေသဆိုင်ရာ အေဂျင်စီများသို့ အသိပေးရှင်းလင်းစဉ် ယင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ယင်းမတည်ရန်ပုံငွေကျပ်ဘီလီယံ ၁၇၀ ကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်တွင် စာရင်းဖွင့်လှစ်အပ်နှံ ဆောင်ရွက်ထားပြီး ကျပ်ဘီလီယံ ၁၅၀ ကို MSME လုပ်ငန်းရှင်များအား ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ကျန်ကျပ်ဘီလီယံ ၂၀ ကို MSME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

MSME ချေးငွေလျှောက်ထားမည့် လုပ်ငန်းရှင်များကို ဦးစားပေးအလိုက်ထုတ်ချေးပေးသွားမည် ဖြစ်ပြီး လက်ရှိတွင် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များတွင် MSME ချေးငွေ ရယူထား ရှိခြင်းမရှိသည့် လုပ်ငန်းရှင်များကို ဦးစားပေးထုတ်ချေးသွားမယ်ဖြစ်ကြောင်း သိရသည်။

 

ဒေသဆိုင်ရာ MSME အေဂျင်စီများအနေနဲ့လည်း MSME လုပ်ငန်းရှင်များက သတ်မှတ်ပုံစံ Loan app Lication form ဖြင့် ချေးငွေများကို လျှောက်ထားလာလျှင်သတ်မှတ်ထားသည့် Check List များနှင့် ပဏာမတိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီမှုရှိပါကအမှုတွဲများကို မြန်မာ့စီးပွားရေးဘဏ်သို့ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ ရင်းနှီးမတည်ငွေများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပြီး အမှန်တကယ်လုပ်ငန်းဆောင်ရွက်နေသည့်လုပ်ငန်းရှင်များကို ထုတ်ချေးသွားမည် ဖြစ်ကာ၊ လုပ်ငန်းရှင်များကလည်း သတ်မှတ်ချေးငွေကာလရောက်သည့်အချိန်တွင် ပြန်လည်ပေးဆပ်ဖြစ်ကြောင်း သိရသည်။

 

#YMG/LW #Local_News #MSME #ငွေထုတ်ချေး
#Yangon_Times