#Local_News
Published- 2 September 2023

အသက် 60 ကျော် 70 အဖိုးအဖွားများအတွက် ဆန်တစ်ပြည်ကို 100 ကျပ် ကြက်ဥ 10 လုံးတစ်ကဒ်ကို 100 ကျပ်ဖြင့် Aladdin Men Fashion ဆိုင်မှ စက်တင်ဘာ ၃ ရက်တွင် ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ကြိုက်တာယူ 100 ကျပ် ဖြင့် ဘာဘဲယူယူတစ်ဦးလျှင် ကြိုက်နှစ်သက်ရာတစ်မျိုးကို ယူလို့ရပါတယ်"ဟု ယင်းဆိုင်က သိရသည်။

 

အဘိုး၊ အဘွား ၃၀၀ဦးစာအတွက်အတွက် ဆန် ၂၀၀ ပြည်နှင့် ကြက်ဥ အလုံးရေ 1000 တို့ကို စက်တင်ဘာလ ၃ရက် နံနက် ၁ဝ နာရီမှစတင်၍သဃ်န်းကျွန်း ဘဝမြင့်ဆိုင်ခွဲ
တိုက်-1,No-003, မြေညီထပ်, လေးထောင့်ကန်လမ်းမကြီးရှိဆိုင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့်ဩဂုတ် ၂၇ရက်ကလည်း လူဦးရေ ၅၅၀ စာအတွက် ဆန် 350 ပြည် နှင့် ကြက်ဥအလုံး 2000 တို့ကို ​နံနက် 11:00 နာရီမှစ၍ရောင်းချပေးခဲ့ပြီး လာရောက်ဝယ်ယူအဆမတန်သူများပြားခဲ့၍ ၁၀ နာရီခွဲအချိန်တွင် ခဏရပ်ခဲ့၍ ၁၂နာရီခွဲအချိန်မှသာ ပြန် လည်ရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။

 

Photo- ​ဩဂုတ်လ ၂၇ရက်က ရောင်းချခဲ့သည့်ပုံ


#Local_News #အသက်60ကျော်70အဖိုးအဖွားများအတွက် #Aladdin_Men_Fashion
#Yangon_Times/PP