#Local_News

Published- 2 September- 2023

ယနေ့စက်တင်ဘာ (၂)ရက် မွန်တည့် ၁၂နာရီ မိနစ် ၃၀ အချိန် တိုင်းထွားချက်အရ ချင်းတွင်မြစ်ရေသည်ဖောင်းပြင်မြို့၏  စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန်ကျော်လွန်နေသည့်အတွက် အဆိုပါ ‌ဒေသတွင်နေထိုင်သော ဒေသခံများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက နှိုးဆော်ထားသည်။

 

ချင်းတွင်းမြစ်ရေသည် နောက်(၂၄)နာရီအတွင်း ပေဝက်ခန့်သာ ကျဆင်းနိုင်သဖြင့် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနေဦးမည်ဟု မိုး/ဇလ က အသိပေးထားသည်။

 

ယင်းအတွက် ဖောင်းပြင်မြို့အတွင်း မြစ်ကမ်းနဘေးနှင့် မြေနိမ့်ပိုင်းများတွင်နေထိုင်ကြသော ဒေသခံများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် အကြံပြုထားသည်။

 

ယခု စက်တင်ဘာလအတွင်း အယ်လ်နီညိုဖြစ်စဉ်ဖြစ်ပွားနိုင်တယ်လို့ မိုးဇလကသတိပေးထားပြီး၊ အဲ့ဒီဖြစ်စဉ်ကြောင့်  မိုးရွာသွန်းမှု ပုံစံမမှန်ခြင်း အပူချိန်မြင့်တက်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု ပုံစံမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များပြောင်းလဲနိုင်ကြောင်း သတိပေးထားသည်။

 

အဆိုပါဖြစ်စဉ်အတွက်  မိုးဇလကစောင့်ကြည့်နေပြီး၊ ထူးခြားဖြစ်စဉ်များကို ပြည်သူများထံ အချိန်နှင့် တပြေးညီအသိပေးထုတ်ပြန်ပေးသွားမည်ဟု အသိပေးထားသည်။

 

#YMG/my #Local_News #မိုးဇလသတိပေး #ချင်းတွင်မြစ်ရေ
#Yangon_Times