#Local_News
Published_ 2 September 2023


တရားမဝင်သယ်ဆောင်လာသည့် စက်သုံးဆီ(ဒီဇယ်ဆီ)ဂါလန် (၄၈၀၀)အပါအဝင် တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ လုပ်ငန်းသုံးနှင့် မော်တော်ယာဉ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

သြဂုတ်(၂၈)ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ သာစည်လမ်း၌တရားမဝင်သယ်ဆောင် လာသည့် စက်သုံးဆီ (ဒီဇယ်ဆီ) ဂါလန် (၄၈၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈,၄၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပ‌ဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

 

ဩဂုတ် ၂၅ ရက်၊၂၈ ရက်နှင့်၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၁၈)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၈,၅၁၉,၆၄၆)ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ဦးဆောင်မှုဖြင့်ဒေသအသီးသီးမှ အကောက် ခွန်အဖွဲ့များ စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန် ကျပူးပေါင်းအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ၊ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ၊ ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက အဆိုပါ တရားမဝင်ပစ္စည်းများကိုဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

 

#tthl #Local_News #စက်သုံးဆီ # တရားမဝင်ပစ္စည်းများဖမ်းဆီးရမိ
#Yangon_Times