#Local_News
Published -2 September 2023


ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၃/၄)နှင့်(၁၁၃/၅) ကြားတွင်စတင်ဘာ ၂ရက် နံနက် ၈နာရီခွဲ ခန့်က TOYOTA CROWN ယာဉ်(၁)စီးသည် လမ်းကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထန်းပင်တို့ကို ဝင်တိုက်ခဲ့ကြောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံက သိရသည်။

 

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသားမှာ ထိခိုက်ဒဏ်ရာရရှိမှု ပြင်းထန်ပြီး အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ကာ ယာဉ်ပေါ်ပါလာသည့် အမျိုးသားနှစ်ဦးမှာ (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုကို ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကာ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများ ကို ၁၁၅ မိုင် ကြက်ခြေနီအသင်းမှယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Local_News #ရန်ကုန်-နေပြည်တော် #လယ်ကျွန်းရှိသစ်ပင်ဝင်တိုက်မှုဖြစ်
#Yangon_Times