#LocalNews

Published 9 Nov 2021

မောင်းခရိုင်က ထိုင်းနယ်စပ်ရွာကလေးတစ်ရွာမှာ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၃၅ဦးကို ထိုင်းရဲကဖမ်းဆီးခဲ့တယ်လို့ နိဝင်ဘာ၈ရက်ထုတ် ဘန်ကောက်ပို့စ်မှာဖော်ပြထားပါတယ်။

တနင်္ဂနွေနေ့ မနက်၁၁နာရီခန့်မှာ ဒေသခံတွေရဲ့သတင်းပေးမှုကြောင့် ဆူရာဆီးအထူးတပ်ဖွဲ့ဟာ ပတ္တရောင်လှည့်ရင်း တမ်ဘွန်ဘန်ကောင်းက မူ-၂ကျေးရွာအနီးက တောအုပ်တစ်အုပ်ထဲမှာ အမျိုးသား ၂၆ဦးနှင့် အမျိုးသမီး၉ဦးတို့ကို ပုန်းအောင်နေတာကိုတွေ့ရှိရတာဖြစ်တယ်လို့ ထိုင်းရဲကပြောပါတယ်။

သူတို့အားလုံးဟာ ပဲခူးကဖြစ်ကြတယ်လို့ပြောပါတယ်။ သူတို့အထဲမှာ ၁၇ဦးဟာ ရိုဟင်ဂျာ(ဘင်္ဂလီ)တွေဖြစ်တယ်လို့ သတင်းအရသိရပါတယ်။ သူတို့အထဲက ၁၈ဦးက သူတို့ဟာ အလုပ်ရဖို့ ပွဲစားကို ဘတ်နှစ်သောင်းရှစ်ထောင်စီပေးခဲ့ကြရတယ်လို့ပြောပြီး ကျန် ၁၇ဦးကေတာ့ ဘတ်နှစ်သောင်းစီပေးခဲ့ကြရတယ်လို့ပြောပါတယ်။

မောင်းရဲစခန်းက ဥပဒေကြောင်းအရ ဆောင်ရွက်တာတွေပြီးတာနှင့် သူတို့ကိုပြည်နှင်ဒဏ်ပေးမယ်လို့သိရပါတယ်။

Source: Bangkok Post