#Local_News
Published-31 August 2023


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၁၆ နှစ်အရွယ်အရပ်သား အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၃၀ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာ ကျေးရွာ၏ တောင် ဘက်မီတာ ၅၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွတ်ခိုင်ပြည်သူ့ ဆေးရုံနှင့် နယ်မြေခံဆေးတပ်ရင်း များသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ စေလျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နမ့်ဖတ်ကာကျေးရွာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်ကိုလိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#Local_News #လက်နက်ကြီးကျ
#Yangon_Times/PP