#Local_News
Published-31 August 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် သြဂုတ်လအတွင်း ၇ကြိမ်မြောက်အနေဖြင့် မြန်မာလုပ်သား (၁၀၀၀)ကျော်ကို စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။

 

ယခုလအတွင်း EPS စနစ်ဖြင့်  သြဂုတ်လ ၁ရက်တွင် မြန်မာလုပ်သား ၁၃၉ဦးကို လည်းကောင်း၊ သြဂုတ်လ ၂ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း၊ သြဂုတ်လ ၈ ရက်တွင် မြန်မာလုပ်သား (၁၄၂)ဦးကို လည်းကောင်း၊   သြဂုတ်လ ၂၂ ရက်တွင် မြန်မာလုပ်သား(၁၄၂)ဦးကိုလည်းကောင်း၊ သြဂုတ်လ ၂၃ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း၊ သြဂုတ်လ ၂၉ရက်တွင် မြန်မာလုပ်သား(၁၄၆)ဦးကို လည်းကောင်း၊ သြဂုတ်လ ၃၀ ရက်တွင် မြန်မာလုပ်သား(၁၅၁)ဦးကိုလည်းကောင်း စေလွှတ်ခဲ့သည်။

 

ယင်းကဲ့သို့စေလွှတ်ခဲ့သည့် မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ်များပါဝင်ပြီး မြန်မာလုပ်သားများရန်ကုန်မြို့မှအင်းချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ရာမြန်မာသံရုံး ဆိုလ်းမြို့မှအလုပ်သမားသံအရာရှိမှကြိုဆို၍ သိရှိလိုက်နာသင့်သည့်အချက်များမှာကြား၍ လိုအပ်သည်များကူညီပေးခဲ့ကြောင်းသိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၀၄၉)ဦးကိုစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။

 

#Local_News #EPS စနစ် # မြန်မာလုပ်သား(၁၀၀၀)
#Yangon-Times/PP