#Local_News
Published_ 19 August 2023

 

အာဆီယံကော်မတီဝါရှင်တန် (ACW) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့် အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

ဝါရှင်တန်မြို့အခြေစိုက် အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Mr. Keo Chhea ဦးဆောင်၍ အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးလွှဲပြောင်းသည့် အခမ်းအနားကို ဩဂုတ် ၁၆ ရက်က ကမ္ဘောဒီးယားသံရုံး၌ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

 

အဆိုပါအခမ်းအနားသို့ ဝါရှင်တန်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီး များ၊ သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း ပါဝင် တက်ရောက်ခဲ့ပါတယ်။

 

ကမ္ဘောဒီးယားသံအမတ်ကြီးက အာဆီယံကော်မတီဝါရှင်တန် (ACW) အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ် ပြောကြားခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။


ထို့နောက် ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. Keo Chhea က အာဆီယံ ကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌရာထူးအား အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mr. Rosan Perkasa Roeslani ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn #Local_News #အာဆီယံကော်မတီဝါရှင်တန် # မြန်မာသံရုံးယာယီတာဝန်ခံ
#Yangon_Media_Group