#Local_News
Published-17 August 2023


ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်ထောက်ကြန့်မြို့ ပဲခူးလမ်းမပေါ်တွင် ဘယ်ခြေထောက် မသန်မာသူဆရာ တော်၁ ပါးကို YBS ယာဥ်က ဝင်တိုက်၍ တက်ကြိတ်မှုဖြစ်ခဲ့ပြီး အခင်းဖြစ်ရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ကြောင်း မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းမှ သိရသည်။

 

ဖြစ်စဥ်မှာ သြဂုတ်လ ၁၇ရက် နံနက် ၈နာရီခန့်အချိန်က ပဲခူးဘက်မှရန်ကုန်ဘက်သို့ အဝင်တွင် YBS 35 ယာဥ်က လူကူးမျဥ်းကျားမရောက်ခင် ၁၅ကိုက်အကွာတွင် လမ်းဖြတ်ကူးသောဆရာတော်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

 

"ဆရာတော်က အရပ်ကလည်းပုတယ်။ ၄ပေ ၄လက် မလောက်ပဲရှိတယ်။


ဘယ်ဘက်ခြေထောက်ကလည်း မသန်ဘူး။ ကားကလည်းမှတ်တိုင်ကအထွက် ဆရာတော်ကလည်း ဖြတ်တဲ့အချိန် ကားသမားက မမြင်ဘဲ တိုက်မိပြီး တက်ကြိတ်မိတာနံရိုး ၄ ချောင်းကျိုးသွားပြီးနေရာမှာတင် ပျံလွန်တော်မူသွားပါတယ်"ဟု မြန်မာနိုင်ငံဘက်စုံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

 

ပျံလွန်တော်မူသွား​သောဆရာတော်မှာ သက်တော်က ၅၀ ကျော်ခန့်ရှိပြီးခဲ့ပြီး ဆရာတော်၏ DBကို မြန်မာနိုင်ငံလူမှုကူညီရေးအသင်းမှအင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

YBSယာဥ်မောင်းကိုလည်း အခင်းဖြစ်ရာနေရာတွင် တွေ့ရှိရကြောင်းလည်း သိရသည်။

 

#Local_News #မင်္ဂလာဒုံ #YBSကားတက်ကြိတ်ခံရ
#Yamgon_Times/PP