#Local_sport
Published_ 17 August 2023


အာဆင်နယ်အသင်း၏ နောက်ခံလူ တင်းဘားသည် ဒူးဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့်ကာလရှည်အနားယူရမည်ဖြစ်ပြီး ခွဲစိတ်ကုသမူလည်းခံယူရမည်ဖြစ်ကြောင်း သိရသည်။

 

နယ်သာလန်လက်ရွေးစင်တင်းဘားသည် ယခုနွေရာသီတွင် အေဂျက်အသင်းမှ ပြောင်းရွှေ့လာ သူဖြစ်ပြီး နော်တင်ဟမ်ဖောရက်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သောပွဲစဉ်တွင် ဒဏ်ရာရရှိ၍ လူစားလဲခဲ့ရသည်။"အေသေးစိတ် စမ်းသပ်စစ်ဆေးမှုများအရ တင်း ဘားသည် ညာဖက် ဒူးအရွတ်ကြောဒဏ်ရာရရှိသဖြင့် မကြာမီခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ပြီးကာလတစ်ခုအနားယူရမည်ဖြစ်သည်။"ဟု အာဆင်နယ်အသင်းကတရားဝင်ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။

 

ပေါင် ၃၈ ဒသမ၅သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာသည့်တင်းဘားသည် မန်စီးတီးကို အနိုင်ရသည့် ကွန်မြူနတီဒိုင်း ပွဲစဉ်တွင် ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၁) အဖြစ်ဖောရက်စ်နှင့်ကစားခဲ့ရာတွင် ယခုကဲ့သို့ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

 

မိမိအနေဖြင့် ဘောလုံးကွင်းထဲသို့ ပိုမိုသန်မာကြံ့ခိုင်စွာဖြင့်အမြန်ဆုံးပြန်လာနိုင်ရန် မျှော်လင့်ကြောင်း တင်း ဘားက အင်စတာဂရမ်တွင်ရေးသားခဲ့သည်။

 

#Local_sport #အာဆင်နယ်နောက်ခံ လူတင်းဘား #ကာလရှည်အနားယူရမည်
Ref; fotmob 1