#Local_News
Published-16 August 2023

ဂျပန်နိုင်ငံ International Association of Traffic and Safety Sciences (IATSS) မှ ကြီးမှူးကျင်းပသည့် The 65th and 66th IATSS Forum သို့ စိတ်ပါဝင်စားသူများ မည်သူမဆိုလျှောက်ထားနိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်မှ အသိပေးကြေညာထားသည်။

 

65th IATSS Forum ကို ၂၀၂၄ ခုနှစ်၊ မေလမှ ဇူလိုင်လအထိ လည်းကောင်း၊ 66th IATSS Forum စက်တင်ဘာလမှ နိုဝင်ဘာလအထိ လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ Forum တစ်ကြိမ်တွင် (၂)ဦးစီ Forum နှစ်ကြိမ်အတွက် စုစုပေါင်း (၄)ဦးကို IATSS Forum Committee မှ လုပ်ထုံးလုပ်နည်းများနှင့်အညီ အပြီးသတ်ရွေးချယ်အတည်ပြုပေးမည်ဖြစ်သည်ဟု သိရသည်။

 

တက်ရောက်ခွင့်ရရှိပါက အသွားအပြန်လေယာဉ်စရိတ်နှင့် နေထိုင်စားသောက်စရိတ်များကို ဂျပန်ဘက် မှ ကျခံပေးမည်ဖြစ်ပြီး Forums များသို့ ပူးတွဲပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက် မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်များ(သို့) ဝန်ထမ်းများ၊ အသင်းချုပ် အသင်းဝင် ကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်သည်ဟု သိရသည်။

 

အရှေ့တောင်အာရှဒေသနိုင်ငံအသီးသီးမှ လူငယ်လူရွယ်များအနေဖြင့် တိုးတက်လျက်ရှိသည့် ခေတ်သစ်ဂျပန်နိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှုအခန်းကဏ္ဍများကို လေ့လာနားလည်သဘောပေါက် ပြီး မိမိတို့နိုင်ငံ တိုးတက်ရေးအတွက် နက်ရှိုင်းသော အမြင်၊ ကျယ်ပြန့်သော ရှုထောင့်မှ ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ IATSS Forum ကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

 

လျှောက်ထားလိုသူများအနေဖြင့် ပူးတွဲပါလျှောက်လွှာနှင့်အတူ အောက်တိုဘာလ(၃၁)ရက်နေ့ နောက်ဆုံးထားပြီး IATSS Forum Myanmar Committee ၊ MIA Office, 6th Floor, UMFCCI Office Tower သို့ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သည်ဟု သိရသည်။


#Local_News #IATSS Forum #အခမဲ့တက်ရောက်နိုင်
#Yangon_Times/PP