#Local_News
Published-16-8-2023

သိမ်ကြီးဈေး D ရုံ အပေါ်ထပ်ကားပါကင်၌ အိမ်စီးကားတစ်စီး အရှိန်လွန်ကျွံကျမှုတစ်ခု ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံနှံ့ခဲ့သည်။

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သူမ၏ ဖေ့စ်ဘွတ်လူမှုစာမျက်နှာတွင် ခင်မင်နေကြသူများက စိုးရိမ်ကြောင်းနှင့် ဂရုတစိုက်မောင်းနှင်လိုကြောင်း သတိပေးစကားများလည်းဆိုထားသည်။

 

အဆိုပါ ကားပိုင်ရှင်အမျိုးသမီးငယ်ကလည်း သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေ့စ်ဘွတ်က သတင်းမေးသူများအား ကျေးဇူးတင်ကြောင်း ရေးသားထားသည်။

 

ယာဉ်ပိုင်ရှင်အမျိုးသမီးငယ်ကလည်း"ပို့စ်ဖျက်ပြေးတယ်ပြောတဲ့ဟာ​တွေ မမြင်မှာဆိုတင်ပေးတာနော် ဟုတ်တယ်ငါ့ကားဘာဖြစ်လဲ"ဟု တုန့်ပြန်ထားပြီး၊ အဆိုပါ ပို့စ်အောက်တွင် စကေးကြမ်းတဲ့အစ်မ လူဘာမှမဖြစ်လို့တော်သေးတယ်ဆိုသည့် စိုးရိမ်စကားများဆိုထားသည်။

 

သူမ အနေဖြင့် ကားဝယ်စဉ်ကာလက ကြိုက်လို့ဝယ်လိုက်ပြီး ပါကင်‌တော့မထိုးတက်ဘူး ဟု စနောက်ရေးထားသည့် ပို့စ်အတိုင်း တိုက်ဆိုင်စွာ ယခုကဲ့သို့ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့်အပေါ် ဝိုင်းဝန်းစနောက်မှုများလည်း ရှိနေခြင်းလည်းဖြစ်သည်။

 

#YMG/my #Local_News #သိမ်ကြီးဈေးကားပါကင် #အိမ်စီးကားတစ်စီးအရှိန်လွန်တိုက်မိ
#Yangon_Times