#Local_News
Published-16 August 2023


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့လာရောက်သူများ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်လျှင် ငွေ ၅၀၀၀ ကျပ် ပေးရမည်ဟု သတ်မှတ်ချက်အပေါ် ဝေဖန်မှုများရှိလာပြီးနောက် ယနေ့ သြဂုတ်လ ၁၆ ရက်တွင် ပေးရန်မလို တော့ကြောင်း နစက သတင်းထုတ်ပြန်ရေးက ထုတ်ပြန်လိုက်သည်။

 

ရည်ရွယ်ချက်မှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော် ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ် ပါဝင်နိုင်ရေးအတွက် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့လာရောက်သူများအား သြဂုတ်လ ၂၀ ရက်မှစ၍ ရင်ခွင်ပိုက် မပါဘဲ ကလေး၊လူကြီး တစ်ဦးလျှင် ဝင်ကြေး ၁၀၀၀ ကျပ် ၊နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ၁၀ ဒေါ်လာ။ အပျော်ရိုက်ကင်မရာ ၅၀၀၀ ကျပ်၊ အလှဓါတ်ပုံရိုက်ခြင်း Video ရိုက်ခြင်း အပါ ၅၀၀၀၀ ကျပ်။(နာရီဝက်ပိုတိုင်း-၅၀၀၀ ကျပ်)၊ယာဉ်ဝင်ခွင့်(၁)စီးလျှင်(ကား Parking အထိ)၂၀၀၀၀ ကျပ်၊Buggy (၁)စီးလျှင်(၄ ယောက်စီး)( ၁ )နာရီ ၁၀၀၀၀ ကျပ် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့ သြဂုတ်လ ၁၆ ရက်ထိ အခမဲ့ဖူးမြော်နိုင်မည်ဟု သတ်မှတ်ထား သော်လည်း ဩဂုတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ ရက် ထပ်မံတိုးမြှင့်ကြောင်း ယမန်နေ့က ကြေညာထားသည်။

 

#Local_News #မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
Yangon_Times/PP