#Local_News
Published-16-8-2023

2023-24 AFC Cup (Preliminary Round- 2)ပြိုင်ပွဲအတွက် ယနေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဘရူနိုင်းအသင်းတို့ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

 

ယင်းနှင့်ပတ်သက်၍ ယမန်နေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး၊ ယင်းသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်သူက အကောင်းဆုံးပြင်ဆင်ထားပြီး နိုင်မှတ်သုံးမှတ်ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ ပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်း၏ တရားဝင် ဖေ့ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာကတဆင့် Live Stream ထုတ်လွှင့်ပြသွားမည်ဖြစ် ကြောင်း သိရသည်။

 

ပွဲကြိုသတင်းစာရှင်လင်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂတ်ဇီ က " ပွဲအတွက် ဖိအားရှိမနေဘဲ နိုင်ပွဲအတွက်သေချာပြင်ဆင်ထားပါတယ်။ ပြိုင်ဘက်အသင်းက ဘရူးနိုင်းကလပ်အသင်းဆိုပေမယ့် စနစ်တကျဖွဲ့စည်းထားတဲ့အသင်းဖြစ်လို့ အထင်သေးလို့မရပါဘူး။ခန္ဓာကိုယ် ကြံ့ခိုင်မှု ကွာဟချက်တွေရှိတဲ့အတွက် ခက်ခဲမယ့်ပွဲစဉ်တစ်ပွဲပါ။ ဒါ့ပေမယ့် ပြိုင်ဘက်ကို အနိုင်ယူပြီးနောက်တဆင့်ကိုတက်နိုင်မယ်လို့ ယုံ ကြည်ချက်ရှိပါတယ်"ဟု ပြောကြား ထားသည်။

 

ဘရူနိုင်းအသင်းအနေဖြင့် လက်ရှိတွင် စင်ကာပူလိဂ်တွင် ကစားနေပြီး၊ နိုင်ငံ ခြားသား ကစားသမားများ အများဆုံးပါဝင်နေသည့် အသင်းတစ်ခုလည်းဖြစ်သည်။

 

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဘရူနိုင်းကလပ်အသင်း (DPMM FC )၏  AFC Cup ခြေစစ်ပွဲကို ကွင်း၀င်ကြေးအခမဲ့နှင့် ကားအကြိုအပို့စီစဉ်ပေးသွားမည်ဖြစ်‌ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း၏ ဖန်ကလပ်က အသိပေးထားသည်။

 

#YMG/my #Local_News #ရန်ကုန်ယူနိုက်တက် #ဘရူနိုင်းအသင်း
#Yangon_Times