#Local_News
Published-16 August 2023

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်ကြမည့်သူများ သွားလာရေး အဆင်ပြေ‌စေရန်အတွက် YBS ယာဉ်လိုင်း(၅)လိုင်း စီစဉ်ပြေးဆွဲပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

 

အဆိုပါအိမ်ရာဝင်းအတွင်း နေထိုင်သူများအဆင်​ပြေစေရန် ယာဥ်လိုင်းကော်မတီ ၄ခု မှ ယာဥ်လိုင်းနံပါတ် ၇၁၊ ၁၂၇၊ ၈၁၊ ၄၆နှင့် ၁ တို့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

"ဆောက်လုပ်ရေးဝန်ကြီးဌာန၊အိုးအိမ်ဦးစီးဌာနကနေပြီးတော့ တောင်ဒဂုံမှာ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ထားတာရှိပါတယ်။ အဲဒီအိမ်ရာမှာနေထိုင်ကြမယ့်ပြည်သူတွေအဆင်ပြေစေဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း YBSယာဥ်လိုင်းတွေ အတွက် မြေဧဏ ၅ဧကလောက် ပေးထားတာရှိပါတယ်။ YBS ယာဥ်လိုင်းတွေပြေးဆွဲတဲ့အခါ ယာဥ်လိုင်းနံပါတ် ၅ခုနဲ့ပြေးဆွဲပေးဖို့စီစဥ်ဆောင်ရွက်နေပါတယ်"ဟု ဦးလျင်ကျင့်မန်ကဆိုသည်။

 

သုခဒဂုံအိမ်ရာဝင်းအထိ ပြေးဆွဲသွားမည့်ယာဥ်လိုင်း၅လိုင်းနဲ့ပတ်သက်၍ အဆင်မပြေမှုများရှိလျှင် YRTC သို့ သတင်းပေးပို့နိုင်ပြီး ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် ပို့ဆောင်ပေးနိုင်ရန်စီစဥ်နေကြောင်းလည်း သိရသည်။

 

သုခဒဂုံအိမ်ရာတွင် ပထမအဆင့်အဖြစ် လက်ရှိတွင် အခန်းပေါင်း ၁၁၆၈ ခန်းပြီးစီးနေပြီး ​ြသဂုတ်လတွင်နေထိုင်နိုင်ပြီဟုသိရပြီးဒုတိယအဆင့်အနေဖြင့် လာမယ့်ဒီဇင်ဘာလတွင် အခန်းပေါင်း ၈၀၀ ကျော်ထပ်မံပြီးစီးမည်ဟု သိရပြီး ၂၀၂၄ခု နှစ် ဧပြီလတွင် အငှားအိမ်ရာစီမံကိန်း ပြီးစီးမည်ဟု သိရသည်။

 

ယင်းအပြင် အဆိုပါအိမ်ရာဝင်းအတွင်း ယာယီစျေးတစ်ခုစတင်တည်ဆောက်ရန်ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် စူပါမားကတ်များ လာရောက်ဖွင့်လှစ်ပေးနိုင်ရန်အထိ ဆောင်ရွက်ပေးသွားမည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကသိရသည်။

 

#Local_News #သုခဒဂုံပြည်သူ့အငှားအိမ်ရာ #YBS ယာဉ်ပြေးဆွဲပေး
#Yangon_Times/PP