၁၄ ဩဂုတ် ၂၀၂၃

ပြည်တွင်း၌ ဆေးဝါးမလုံလောက်မှုများကြောင့် ပြည်ပမှနှစ်စဉ်တင်သွင်းနေရသည့်အတွက် အများအသုံးပြုသည့် ဆေးဝါးတွေကို ပြည်တွင်း လုံလောက်မှုရှိအောင် ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌက ပြောကြားပါတယ်။

ယနေ့ဩဂုတ် ၁၄ ရက် က မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)၌ ကျင်းပပြုလုပ်တဲ့  စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum နှင့်မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်ဖွင့်ပွဲအခမ်းအနားတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုုင်က အမှာစကား ပြောကြားရာမှာ ယခုလိုတိုက်တွန်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးက ပုဂ္ဂလိကဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများမှ ဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် လည်း မြန်မာ့ဆေးဝါးလုပ်ငန်းမှကူညီဆောင်ရွက်ပေးရန်လိုတယ်လို့လည်း ဖြည့်စွက်မှာကြားခဲ့ပါတယ်။

မြန်မာ့ဆေးဝါးလုပ်ငန်း BPI သည် ရှေးယခင်နှစ်ပေါင်းများစွာကတည်းကပင် အရည်အသွေးပြည့်ဝ

သည့် ဆေးဝါးများကို ထုတ်လုပ်ခဲ့ပြီး ယခုအချိန်အထိ နာမည်ကောင်းဖြင့်ကျော်ကြားလျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

မြန်မာ့ဆေးဝါး လုပ်ငန်း BPI အနေဖြင့် ရှိပြီးဖြစ်သည့်အရည်အသွေးကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်းမှာလည်း ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးဝါးပညာရှင်ကြီးများ၏ လက်ဆင့်ကမ်းမျှဝေမှု၊ မျိုးဆက်သစ်ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့်ဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျုးပြောဆိုတဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သမိုင်းကြောင်းကောင်းများရှိခဲ့သည့် ဆေးဝါး

စက်ရုံတစ်ခု အနေဖြင့် မှတ်တမ်းပြတိုက်ကို ဆောင်ရွက်၍ သမိုင်းကိုထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် ဂုဏ်ယူတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

နစက ဥက္ကဋ္ဌသည် BPI Pharmaceutical Museum အထိမ်းအမှတ်ကျောက်စာတိုင် နှင့်မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machineအသစ်တို့ကို အသီးသီး ဖွင့်လှစ်ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ကလည်း “BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း” BPI Pharmaceutical Museum ကိုဖွင့်လှစ်ပေးခဲ့ကြပါတယ်။

အဲဒီအပြင်စက်မှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းကလည်း စက်ရုံနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့မျှော်မှန်းသက်တမ်းမှာ အခြားနိုင်ငံများထက်နည်းပါးလျက်ရှိတဲ့အတွက် ပြည်သူများ၏ကျန်းမာရေးနှင့်

ပတ်သက်၍ ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းများကိုဆောင်ရွက်ပေးနိုင်ရန်အစွမ်းထက်သည့် ဆေးဝါးများကို အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အစွမ်းထက် သည့်ဆေးဝါးများထုတ်လုပ် နိုင်ရေး ဆေးဝါးသုတေ သနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ရန်လိုတယ်လို့လည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့ပါတဘ်။

မြန်မာ့ဆေးဝါးလုပ်ငန်း BPI ကို ၁၉၅၄ ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အထိမ်းအမှတ်ကျောက်တိုင်   ကို စိုက်ထူခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဧပြီ ၂၃ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမောင်က ဗမာနိုင်ငံဆေးဝါး စက်ရုံ(Burma Pharmaceutical Industry, BPI) အမည်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဆေးဝါး(၄၁)မျိုးနှင့်ကပ်ရောက်ဂါကာကွယ်ဆေး(၆)မျိုးတို့ဖြင့် စတင်ထုတ်လုပ်ခဲ့ကြောင်းသိရှိရပါတယ်။

-ymg/knl