Published_ 13 August 2023

မိုခါ မုန်တိုင်းဘေးသင့်ဒေသများမှ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ လာအိုနိုင်ငံအစိုးရမှ အမေရိကန် ဒေါ်လာ ၅ သောင်း လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ထိုသို့လှူဒါန်းမှုကို လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Phoxay Khaykhamphithoune မှ ဩဂုတ် ၁၁ ရက်တွင် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန ၌ ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦး က လက်ခံရယူခဲ့ပါတယ်။

သံအမတ်ကြီးက လာအိုနိုင်ငံအစိုးရနှင့် ပြည်သူများ၏ အိမ်နီးချင်းကောင်း ပီသစွာ ပံ့ပိုးကူညီမှုများအပေါ် မုန်တိုင်းဒဏ်သင့် ပြည်သူများနှင့် မြန်မာနိုင်ငံအစိုးရ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် လှူဒါန်းငွေများကို မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ygm_mnn
#YMG #Yangon_Times
#Local_News
#Yangon_Media_Group