Published_ 13 August 2023

မြန်မာယူ-၂၃ အသင်းသည် ၂၀၂၃ အာဆီယံ ယူ-၂၃ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ပဏာမ ကစားသမား ၂၅ ဦးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဩဂုတ် ၁၂ ရက် ညပိုင်းက ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

နည်းပြချုပ် Mr Michael Feichtenbeiner သည် ယမန်နေ့က ရန်ကုန်ယူနိုက်တက် အသင်းနှင့် ခြေစမ်းကစားပြီးနောက် ပဏာမ ကစားသမား ၃၇ ဦးမှ ၂၅ ဦးရွေးချယ်၍ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာ ယူ-၂၃ အသင်းသည် အာဆီယံချန်ပီယံရှစ် အုပ်စု(က)တွင် ထိုင်း၊ ကမ္ဘော ဒီးယား၊ ဘရူနိုင်း အသင်းတို့နှင့် ကျရောက်လျက်ရှိပြီး ဩဂုတ် ၁၇ ရက်တွင် ထိုင်း၊ ၁၉ ရက် တွင် ကမ္ဘောဒီးယား၊ ၂၁ ရက်တွင် ဘရူနိုင်း အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

မြန်မာယူ-၂၃ ကစားသမား ၂၅ ဦးစာရင်း

ဂိုး- ဟိန်းထက်စိုး(ဧရာဝတီ ယူနိုက်တက်) ၊ နေလင်းထက် (မဟာယူနိုက်တက်)၊ ပြည့်ဖြိုးသူ (ရတနာပုံ)၊

နောက်တန်း- ရှင်းသန့်အောင် (ဟံသာဝတီ ယူနိုက်တက်)၊ မိုးဆွေအောင် (ISPE)၊ မင်းခန့်(ရခိုင် ယူနိုက်တက်)၊ ထူးမြတ်ခန့် (ကချင်ယူနိုက်တက်)၊ လတ်ဝေဘုန်း (ဧရာဝတီ ယူနိုက်တက်)၊ နောင်နောင်စိုး (ရတနာပုံ)၊ လန်းဆန်းအောင် (ISPE)၊ သက်ဟိန်းစိုး(ရတနာပုံ)၊ ဉာဏ်လင်းထက် (ရန်ကုန်)

အလယ်တန်း - မင်းမော်ဦး (သစ္စာအားမာန်)၊ စိုးမင်းဦး (မြဝတီ)၊ ၊ ဟိန်းဇေယျာမင်း(မြဝတီ)၊၊ အာကာကျော် (မဟာယူနိုက်တက်) ၊ ပီတာအောင်ဝေထူး (ဧရာဝတီ ယူနိုက်တက်)၊ ချစ်အေး (ရတနာပုံ) ၊ ညီညီ (ကချင် ယူနိုက်တက်)၊ ခွန်ကျော်ဇင်ဟိန်း (ဟံသာဝတီ)၊ အောင်မျိုးခန့် (ရတနာပုံ)၊ ၊ မိုးဆွေ (ရတနာပုံ)၊ သန်းတိုးအောင် (ကချင်)၊

ရှေ့တန်း - သန်းတိုးအောင် (GFA)၊ စွမ်းထက် (ရတနာပုံ)၊
ygm_mnn
#Local_News
#Yangon_Media_Group