Published_ 12 August 2023

ကိုရီးယားနိုင်ငံတွင် ၃ နှစ်အထက်တရားဝင် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသော လုပ်သား များအတွက် CBT စာမေးပွဲ(ကိုးရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ Special EPS Topik) ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း POEA-EPS က အသိပေးထားသည်။

စာမေးပွဲလျှောက်လွှာတင်သွင်းခြင်းကို အွန်လိုင်းစနစ်ဖြင့် စက်တင်ဘာ လ လဆန်းပိုင်းတွင် ဆောင်ရွက်ရန် လျာထားကြောင်း၊ စာမေးပွဲဖြေဆိုခွင့်နှင့်ပတ်သက်၍ အသက် ၁၈နှစ်မှ ၃၉နှစ်အတွင်း( ၁၉၈၃ခု နှစ်၊ စက်တင်ဘာလ ၄ရက် မှ ၂၀၀၅ခု နှစ်၊ စက်တင်ဘာလ ၃ရက်အတွင်း မွေးဖွားသူများ) ဖြစ်ရန်လိုကြောင်း သိရသည်။

ဖြေဆိုမည့်သူများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ နှင်ထုတ်ခြင်း သို့မဟုတ် ပြန်ပို့ခြင်း မခံရသူ (တရားမဝင် နေထိုင်ခဲ့ဖူးခြင်း မရှိသူ) ၊ ထောင်ဒဏ် အပြစ်ဒဏ် ကျခံဖူးခြင်းမရှိသူ သို့မဟုတ် မိခင်နိုင်ငံမှ ပြည်ပသို့ထွက်ခွာ ရန်တားမြစ်ခြင်း မခံရသူ ဖြစ်ရန်လိုကြောင်း သိရသည်။

E-9 , E-10 ဗီဇာဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် ငါးနှစ်နှင့်အထက် နေထိုင်ခဲ့သူများမှာ စာမေးပွဲဖြေဆိုခွင့်မရှိ ကြောင်းလည်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times