Published_ 12 August 2023

ကိုရီးယားတွင်  ATM စက်က ငွေလိမ်ထုတ်နေသူ မြန်မာနိုင်ငံသားအမျိုးသား ၁ဦး ဖမ်းဆီးခံရကြောင်း ကိုးရီးယားရောက် မြန်မာနိုင်ငံသားများအား ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်ထံက သြဂုတ်လ ၁၁ရက်က သိရသည်။

ဖြစ်စဉ်မှာ တောင်ကိုးရီးယားနိုင်ငံ၊  ဆိုးလ်မြို့ ၊ယောင်းဒွန်ဖိုမြို့နယ်ရှိ  ငွေထုတ်စက်တစ်ခုတွင် ငွေထုတ်နေသည့် အသက် ၂၂ နှစ် မြန်မာနိုင်ငံသားအား ယောင်ဒွန်ဖို ရဲစခန်း ရဲဝန်ထမ်းများက သင်္ကာမကင်း၍ စစ်ဆေးကြည့်ရာ  တခြား အမည်ပေါက် ဘဏ်ကတ် ၁၃ ကတ်၊ လက်ကိုင်ဖုန်း ၃ လုံးနဲ့ ငွေသား သိန်း ၁၅၀ ကို လက်ဝယ် ဖမ်းမိခဲ့မှု သြဂုတ်လ ၈ရက် ညနေ ၆နာရီ ၅၀မိနစ်က ဖြစ်ခဲ့ကြောင်းသိရသည်။

"ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ယောင်းဒွန်ဖို ရဲစခန်း ရဲဝန်ထမ်းထံ နိုင်ငံခြားသား ၁ဦး သင်္ကာမကင်းကြောင်း တိုင်ကြားတဲ့ ဖုန်းဝင်လာတော့ရဲဝန်ထမ်းတွေက တိုင်ကြားတဲ့ နေရာကို အမြန်သွားရောက်ပြီး စစ်ဆေးကြည့်တဲ့အခါ မြန်မာနိုင်ငံသား ဖြစ်နေပါတယ်"ဟု ကိုးရီးယားသတင်းများအရသိရကြောင်း ကိုဇော်မိုးအောင်ကဆိုသည်။

ရဲဝန်ထမ်းများက အဆိုပါ မြန်မာနိုင်ငံသားအား လျှပ်စစ် (အီလက်ထရွန်နစ်) ငွေရေးကြေးရေး လုပ်ငန်းဆိုင်ရာ ဥပဒေ ချိုးဖောက် မှုနှင့် ဖမ်းဆီး၍ စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားသည် လက်ရှိ မြန်မာနိုင်ငံနှင့်ဆက်သွယ်၍ တစ်လလျှင် လစာငွေ ၂၃ သိန်းဖြင့်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံအတွင်း တခြားသူများထံမှ မသမာမှုနဲ့ ငွေကြေးများကို ရယူ၍ ထုတ်ယူ လုပ်ဆောင်နေသူဖြစ်ကြောင်း ဘဏ်အကောင့်များနှင့် လက်ကိုင်ဖုန်းများကို စစ်ဆေးကြည့်ရာ မသမာမှုနဲ့ ငွေဝင်ထားမှုကိုပါ တွေ့ရှိရကြောင်းကို ရဲဝန်ထမ်းရဲ့ စစ်ဆေးချက်အရသိရကြောင်းလည်းဆိုသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times