ပုသိမ်လေယာဉ်ကွင်းကို နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်မည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေသခံမြို့မိမြို့ဖတွေကို ယနေ့ဩဂုတ် ၁၁ရက်ကပြောကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နစကဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖများအား အစိုးရအဖွဲ့ရုံးဧည့်ရိပ်သာ၌ ဩဂုတ်၁၁ရက်က တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းရင်းနှီးနှီးတွေ့ဆုံ

ဆွေးနွေးရာမှာ  ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ပုသိမ်-ရန်ကုန် ဖြတ်သန်းသွားလာမှုသည်နေ့စဉ် ယာဉ်အစီးပေါင်းများစွာ ဖြတ်သန်းသွားလာလျက်ရှိတဲ့အတွက် နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်များတွင် နေ့စဉ်ယာဉ်အစီးရေ သွားလာမှုအပေါ်မူတည်ပြီး လမ်းတွေကိုအဆင့်မြှင့်တင်ရတာကြောင့်  လမ်းတွေကို အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက်လည်း သဘာဝအလှအပများ၊ ဒေသထွက်အစားအသောက်များနှင့်အခြားအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာ အထက်တန်းကျောင်းများကို ခရိုင် ၅၀ ခု၌ ဖွင့် လှစ်ထားရှိပြီးဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခု

ဖြစ်လို့ စိုက်ပျိုးရေးတွင် စံနမူနာပြတိုင်းဒေသကြီးအဖြစ် ဖော်ဆောင်ကြဖို့လည်း ဗိုလ်ချူပ်မှူးကြီးကတိုက်တွန်းပြောဆို   တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တွေ့ဆုံပွဲအတွင်း တက်ရောက်လာတဲ့ ဒေသခံမြို့မိဖြို့ဖများက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းတိုးတက်ရေး၊မြေ အရည်အသွေးထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များ၊ ပုလဲ၊ ယူရီးယားနှင့်အခြားသော ကွန်ပေါင်းဓာတ်မြေဩဇာများစွာကို ကာလရှည်ကြာ အသုံးပြုခဲ့သဖြင့်မြေအရည်အသွေးကို ထိခိုက်မှုများ  ဖြစ်ပေါ်လျက်ရှိသဖြင့် မြေအရည်အသွေးမြှင့်တင်ရေးကို ဆောင်ရွက်သွားရန်လိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ်။

အဲဒီအပြင်  ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်တစ်ခု ဆောင်ရွက်ပေးစေလိုမှု၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် ကောင်းမွန်လျက်ရှိပြီးဖြစ်သော်လည်း အချို့သော လမ်းပိုင်းနေရာများ၌ အဆင့်မြှင့်တင်ပေးရန်လိုအပ်လျက်ရှိမှုတို့ကို တင်ပြခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက် နစက ဥက္ကဋ္ဌနှင့်ဇနီး အဖွဲ့ဝင်များသည် ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါတယ်။

ယင်းအပြင်အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုများ အားတွေ့ဆုံအမှာစကားပြောကြား  ခဲ့တဲ့အပြင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။                                              

-ymg/knl

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်