Published_ 11 August 2023

လတ်တလောတွင် မြစ်ရေများကြီးနေသဖြင့် ရေဘေးအတွက်ဆောင်ရန်၊ရှောင်ရန်နှင့် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များထုတ်ပြန်ထားကြောင်းသိရသည်။

ယင်းထုတ်ပြန်ချက်တွင် ရေကြီးနေစဉ် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊မိန်းခလုတ်များပိတ်ထားရန်၊ ရေသန့် ကြိုချက်ထားသောရေ၊ရေသန့်ဆေးခတ်ထားသောရေကိုသာသောက်သုံးရန်၊အဆိပ်ရှိသော တိရစ္ဆာန်များ အိမ်ခြံတွင်းရှိမရှိစစ်ဆေးခြင်းများဆောင်ရွက်ရန်ဆိုသည့်အချက်များထည့်သွင်းဖော်ပြထားသည်။

ရေစိုနေသည့်လျှပ်စစ်ပစ္စည်းများအသုံးမပြုရန် ရေကြီးသောဒေသများတွင် မြစ်ကမ်းပါးတိုက်စားပြီး ပြိုကျတတ်သောကြောင့် မြစ်ကမ်းပါးအနီးမသွားရန်၊မိသားစုကွဲကွာနိုင်သဖြင့် ဆုံရပ်နှင့်ဆက်သွယ်ရမည့် ဖုန်းနှင့်နေရာများကိုကြိုတင်သတ်မှတ်ထားရန်လိုအပ်သည်ဟုဆိုသည်။

ရေဘေးမကြုံသေးသူများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုအနေဖြင့် နေအိမ်ကြံ့ခိုင်မှုစစ်ဆေးထားခြင်း၊ ပြောင်းရွှေ့မည့်လမ်းကြောင်းနှင့်မိသားစုဆုံမှတ်သတ်မှတ်ထားခြင်း၊ အရေးပေါ်သုံးပစ္စည်းများ၊စားရေ ရိက္ခာနှင့်စာရွက်စာတမ်းများကို မိမိနှင့်အတူအဆင်သင့်ထားရှိထားရန်လိုအပ်ကြောင်းသိရသည်။
Yangon-Times/tthl
#Local_News
#Published_ 11 August 2023
#မြစ်ရေများကြီးနေ #ကြိုတင်ပြင်ဆင်မှု #ပြိုကျတတ်သောကြောင့်မြစ်ကမ်းပါးအနီးမသွားရန်
#YMG #Yangon_Times