Published_ 11 August 2023

ရုရှားနှင့် မြန်မာတိုက်ရိုက် လေကြောင်း ခရီးစဉ်အနေဖြင့် ရန်ကုန်လေဆိပ်နှင့် မန္တ‌လေး တံတားဦး လေဆိပ်မှတဆင့် ရုရှားနိုင်ငံ နိုဗိုဆီဘီရက်စ်ခ် ခရီးစဉ်ကိုလာမည့် စက်တင်ဘာ (၅) ရက် မှစ၍ MAI လေကြောင်းလိုင်းမှပျံသန်းမည်ဖြစ်ကြောင်း ယင်း လေကြောင်းလိုင်းမှ သိရသည်း

MAI လေကြောင်းလိုင်းမှ အဆိုပါခရီးစဉ်ကို အပတ်စဉ် အင်္ဂါနှင့် စနေ​ေန့တိုင်း ပျံသန်းပြေးဆွဲသွားမည်ဟုသိရပြီး လက် မှတ်ခနှုန်းထားအနေဖြင့် အမေရိကန်ဒေါ်လာ  409 ဒေါ်လာဖြစ်သည်ဟု အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

ခရီးစဉ်လမ်းကြောင်းသစ်ကို မြန်မာနိုင်ငံရှိ  နာမည်ကြီး ပြည်တွင်းခရီးစဉ်များဖြစ်သည့် ငပလီ ၊ ဟဲဟိုး၊ ပုဂံ ၊ ညောင်ဦး ခရီးစဉ်တို့နှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားရန်ရှိကြောင်း သိရသည်။

ယင်းခရီးစဉ်လမ်းကြောင်းမှတဆင့် ရုရှားနိုင်ငံမှ ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေဆိပ် ၊စင်ကာပူ၊ ကွာလာလမ်ပူ၊ ဟနွိုင်း၊ ဖနွမ်းပင်နှင့် ကာလကတ္တားတို့အထိ အဆင်ပြေစွာ ချိတ်ဆက်၍ ခရီး သွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
Yangon-Times/PP
#Local_News
#Published_ 11 August 2023
#MAI လေကြောင်းလိုင်း #ရုရှား - မြန်မာ လေကြောင်းခရီးစဉ် #ရန်ကုန်နှင့်မန္တ‌လေး
#YMG #Yangon_Times