Published_ 11 August 2023

နိုင်ငံ့ဂုဏ်ဆောင် ရွှေခေတ်မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးတင်အေးသည် ယမန်နေ့ ဩဂုတ်လ (၁၀)ရက်က ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိ ပေးထုတ်ပြန်သည်။

၎င်း ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ပြီဖြစ်ကာ ၊ ယမန်နေ့ နံနက် ၃နာရီ မိနစ် ၅၀အချိန်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဦးတင်အေးကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ၊အလုပ်အမှုဆောင်အဖွဲ့နှင့်ဝန်ထမ်းများက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ခဲ့သည်။

ဦးတင်အေးသည် ရွှေခေတ် မြန်မာ့လက်ရွေးစင်ဘောလုံးသမားများဖြစ်ကြသည့် ဗဟာဒူး၊ ဦးစိုးမြင့် တို့နှင့်အတူ ၁၉၆၂ ခုနှစ် အာရှဂိမ်းဘောလုံးပြိုင်ပွဲ၌ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ရယူ‌ပေးခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
Yangon_Times/my
#Local_News
#မြန်မာ့လက်ရွေးစင်ဘောလုံးသမား #ဦးတင်အေး #အာရှဂိမ်းဘောလုံးပြိုင်ပွဲ #ရွှေတံဆိပ်ရယူ‌ပေးခဲ့
#YMG #Yangon_Times