Published_ 11 August 2023

နိုင်ငံကျော်ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်းဆိုင်မောဝ်၏ အကိုတော်စပ်သူ တေးရေးဆရာ စိုင်းလောဝ်ဆိုင်သည် ပြီးခဲ့သော ဩဂုတ် (၇) ရက် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

၎င်းကွယ်လွန်ချိန်တွင် အသက် (၈၁)နှစ်ရှိပြီဖြစ်ကာ၊ ဩဂုတ်လ (၇)ရက်က ပြင်ဦးလွင်မြို့ရှိ ၎င်းနေထိုင်ရာ နေအိမ်၌ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူ၏ ဈာပနအခမ်းအနားအား ဩဂုတ် (၉)ရက် မွန်းလွဲ (၁) နာရီအချိန်တွင် ပြင်ဦးလွင်မြို့ ရှစ်မိုင်ကုန်းသုဿာန်တွင် သဂြိုဟ် ပြီးစီးခဲ့ပြီဖြစ်သည်။

ကွယ်လွန်သူ ရှမ်းတိုင်းရင်းသား တေးရေးဆရာ စိုင်းလောဝ်ဆိုင်သည် ရှမ်းတေးသီချင်းများစွာကို ရေးသားဖော်စပ်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ သူ၏ဈာပနသို့ ရှမ်းတေးသံရှင်များစွာလိုက်လံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Yangon-Times/my
#Local_News
#Published_ 11 August 2023
#YMG #Yangon_Times