Published-8 August 2023

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးအဆင်းလမ်းတွင်Suzuki Carry ယာဉ်သည် ဘရိတ်ပေါက်၍ ၁၂ ဘီးကားအားဝင်တိုက်ခဲ့၍ လူ၁ ဦးသေ ၄ ဦးဒဏ်ရရှိမှု ဂုတ်လ ၈ရက်(ယနေ့) နံနက်ပိုင်းက ဖြစ်ခဲ့သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၈ရက် နံနက် ၁၁နာရီ ၃၀မိနစ်ခန့်က ပြင်ဦးလွင်မြို့နယ်၊ ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး-လားရှိုးအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၅၀/၂)တွင် Suzuki Carry (အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်၍  Nissan Diesel (၁၂) ဘီး (အပြာရောင်)ယာဉ်အား ဝင်ရောက်တိုက် မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက် မှုဖြစ်စဉ်ကြောင့် Suzuki Carry (အဖြူရောင်) ယာဉ်ပေါ်ပါ ကျား (၃)ဦး အနက် ကျား (၁)ဦး(သေဆုံး)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် Nissan Diesel (၁၂)ဘီး(အပြာရောင်)ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့၍  သန္တိသုခလူမူကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ယာဉ်တိုက် မှုဖြစ်စဉ်နေရာသို့ ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times