Published_ 9 August 2023

ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ​ြသဂုတ် ၉ရက် (ယနေ့) နံနက် ၆နာရီတိုင်းထွာချက်အရသိရသည်။

အဆိုပါမြစ်ရေသည် နောက်၁ရက်(လာမည့် ၂၄နာရီ)အတွင်း ၂ပေခန့်အထိမြင့်တက်လာနိုင်ပြီး ပဲခူးမြို့၏စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနကထုတ်ပြန်ထားသည်။

ယင်းကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း အကြံပြုထားသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times