ဩဂုတ်၈၊၂၀၂၁

မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းရာတွင်  ပဋိပက္ခတွင်ပါဝင်တဲ့ဘက်ပေါင်းစုံမှအားလုံး နိုင်ငံရေးဆန္ဒရှိဖို့လိုအပ်တယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုကပြောကြားပါတယ်။

“မြန်မာနိုင်ငံရဲ့အခြေအနေဟာ စိန်ခေါ်မှုအပြည့်နှင့်ရှိနေတုန်းပဲဆိုတာ ကျွန်တော်တို့ သတိရှိရှိသိနေပါတယ်။ ပြီးတော့ ပါဝင်ပတ်သက်သူအားလုံးဆီမှာ နိုင်ငံရေးဆန္ဒရှိမှသာ အခြေအနေကိုဖြေရှင်းနိုင်လိမ့်မယ်လို့လည်း ကျွန်တော်တို့က သဘောပေါက်မိပါတယ်” လို့ ယနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ အာဆီယံတည်ထောင်းခြင်း ၅၆နှစ်ပြည့်အခမ်းအနားမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားခေါင်းဆောင်ဟာ မြန်မာအပါအဝင် အာဆီယံ(၁၀)နိုင်ငံအားလုံးက အကျပ်အတည်းကိုအဖြေရှာဖို့ ပူးပေါင်းလုပ်ဆောင်ကြရမယ်လို့  နိုင်ငံခြားသံတမန်တွေကို ပြောကြားခဲ့ပါတယ်။

“ အာဆီယံဟာ လှေကြီးတစ်စင်းဖြစ်တယ်။ အရှေ့ကိုရွေ့ရမယ်။ လှေကြီးဟာ ဆက်ပြီးရွက်လွှင့်နေရမယ်” လို့ သူကဆက်ပြောပါတယ်။

အင်ဒိုနီးရှားဟာ ယခုနှစ်အာဆီယံဥက္ကဋ္ဌဖြစ်ပြီး လာမယ့်စက်တင်ဘာမှာ အာဆီယံထိပ်သီးအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။ ဂျာကာတာဟာ စေ့စပ်ရေးစားပွဲဝိုင်းပေါ်ပြန်ရောက်လာရေးအတွက် မြန်မာစစ်အစိုးရနှင့် တိတ်တဆိတ်သံခင်းတမန်ခင်းလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။

မြန်မာစစ်အစိုးရနှင့်သဘောတူထားတဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်အတိုင်းပဲ အကျပ်အတည်းကို ဆက်လက်ဖြေရှင်းသွားမယ်လို့ ဝီဒိုဒိုကပြောပါတယ်။

Source BangkokPost