Published_ 8 August 2023

နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်နိုင်ဖို့ ဘယ်လာရုစ်နိုင်ငံ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်ပြီး ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း သိရပါတယ်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူ သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဩဂုတ် ၇ ရက်၊ ညနေပိုင်းတွင် သွားရောက်၍ သံတမန်ရေးရာဦးစီးဌာန အကြီးအကဲ Mr. Yury Yaroshevich ထံသို့ ၎င်း၏ ကောင်စစ်ဝန်ချုပ် ခန့်အပ်လွှာအား ပေးအပ်ခဲ့ပါတယ်။

Mr. Yury Yaroshevich က ကောင်စစ်ဝန်ချုပ်ရုံး အသစ်ဖွင့်လှစ်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ပါကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#local_news
#Published_ 8 August 2023
#YMG #Yangon_Times