Published_ 8 August 2023

Continental Futsal Championship 2023 ပြိုင်ပွဲအုပ်စု(က) အဖွင့်ပွဲစဉ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းကထိုင်းအသင်းကို ငါးဂိုး ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့သည်။

ထိုင်းအသင်းအ‌နေဖြင့် ပထမပိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင် လေးဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အခွင့်အရေး အချို့ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု MFF ကထုတ်ပြန်ထားသည်။

ပွဲအပြီးတွင် မြန်မာအသင်းနည်းပြချုပ် Bunlert Charoenwong က “ပထမပိုင်းမှာ ကစားသမားတွေရဲ့ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ အာရုဏ်စိုက်မှု‌ ‌‌‌‌လျော့ခဲ့တယ်။ ကျွန်တော်တို့က အာရှခြေစစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်ဖို့အတွက် မနက်ဖြန်ကစားမယ့် ဆော်လမွန် အသင်းနဲ့ပွဲစဉ်ကို အနိုင်ရဖို့ကြိုးစားပါမယ်” ဟု ပြောကြားခဲ့သည်။

မြန်မာအသင်းသည် အုပ်စု (က)၏ ဒုတိယမြောက်ပွဲစဉ်အဖြစ် ယနေ့ ဩဂုတ် ၈ ရက်တွင် ဆော်လမွန် ကျွန်းစု အသင်းနှင့် မြန်မာစံတော်ချိန် ည ၇:၀၀ အချိန်တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ်လ (၁၁) ရက်နှင့် တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဩဂုတ် (၁၃)ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ Continental Futsal Championship 2023 ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပနေခြင်းဖြစ်သည်။
Yangon_Time/my
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times