Published _8 August 2023

အခွန်တံဆိပ်မကပ်နှိပ်မထားသည့် ငွေရှင်းပြေစာများကို တိုင်ကြားသူဆုငွေရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနကသိရသည်။

ငွေရှင်းပြေစာများတွင် အခွန်တံဆိပ် ကပ်နှိပ်ရန်ပျက်ကွက်မှုရှိသူများအား
တွေ့ရှိခဲ့ပါက စာရွက်စာတမ်း အထောက်အထား ဖြင့်ဖြစ်စေ၊ အသံဖိုင်အထောက်အထားဖြစ်ဖြင့်စေ တင်ပြလာလျှင်သတင်းပေးတင်ပြသူအနေဖြင့်
ဒဏ်ကြေးငွေ၏(၃၀)ရာခိုင်နှုန်းကိုဆုငွေအဖြစ်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းအတွက်
လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်သတင်းပေးတင်ပြသူအား (၂၀)ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

စားသောက်ဆိုင်၊ ဟိုတယ်၊တည်းခိုခန်း၊ ရုပ်သံလွှင့်မီဒီယာ၊ ရွှေဆိုင်၊ ဖုန်းနှင့်ဆက်စက်ပစ္စည်းအ‌ရောင်းဝန်ဆောင်မှု လုပ်ငန်းများ စသည်တို့မှ ငွေရှင်း ပြေစာ (Voucher) များတွင် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်အတွက် အခွန်တံဆိပ်ကပ်နှိပ်ရန် လိုအပ်ကြောင်းလည်း ပြည်တွင်းအခွန်များဦးစီးဌာနကထုတ်ပြန်ပြီးဖြစ်သည်။
Yangon _Times/PP
#Local_News
#YMG #Yangon_Times