#Published_ 8 August 2023

အခုရက်ပိုင်းအတွင်း သံလွင်မြစ်၊သောင်ရင်းမြစ်၊ဘီးလင်းမြစ်၊နန့်ယင်းမြစ်ရေများကြီးနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၂)ပေခွဲကျော်ခန့်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိမည်ဖြစ်သည်ဟုဆိုသည်။

သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့(၂)ပေခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်မည်ဟုခန့်မှန်းထားသည်။

ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့(၂)ပေခန်းကျော်လွန်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

နန့်ယင်းမြစ်ရေသည် မိုးကောင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့(၁)ပေခန့်ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်းနောက်ထပ်(၁)ပေခန့်တက်နိုင်ကာစိုးရိမ်ရေအမှတ်အထက်တွင်ဆက်လက်တည်ရှိမည်ဖြစ်သည်။

ယင်းကဲ့သို့မြစ်ရေများကြီးမည်ဖြစ်၍ ဘားအံမြို့နယ်၊မြဝတီမြို့နယ်၊ဘီးလင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်များ အတွင်းရှိမြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဩဂုတ်လ၈ရက်နေ့လည်ပိုင်းတွင်သတိပေးချက်ထုတ်ပြန်ထား ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times