Published-8 August 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင် လယ်ပြင်တွင် စက်လှေတိမ်းမှောက် မှုဖြစ်စဥ်ကြောင့် ပျောက်ဆုံးနေသူ လူဦးရေ ၅၀ ကျော်မှ မွတ်ဆလင်အမျိုးသမီး ၃ဦး အလောင်းနှင့် မွတ်ဆလင် အမျိုးသား ၈ ဦးကို ပြန်လည်တွေ့ရှိထားပြီး  ရှာဖွေကယ်ဆယ်မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရွှေရောင် မေတ္တာဖောင်ဒေးရှင်းကသိရသည်။

ရ​ေသ့တောင်မြို့နယ်၊မွတ်ဆလင်ကျေးရွာမှ လူပေါင်း၅၀ ကျော်ခန့်တင မလေးရှားသို့သွားရန်စက်လှေဖြင့်ထွက်ခွာစဥ် စစ်တွေအနီး ပင်လယ်ပြင်တွင် လှိုင်းကြီး၍စက်လှေနစ်မြုပ်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စက်လှေနစ်မြုပ်မှုဖြစ်စဥ်ကြောင့် ပျောက်ဆုံးနေသူ လူဦးရေ ၅၀ ကျော်အနက် မှ ​ြသဂုတ်လ ၇ရက် ညနေ ၄နာရီခန့်က စစ်တွေမြို့၊ ဘာဆာရွာအနောက်ဘက်ကမ်းခြေအနီး သောင်တင်နေသည့် မွတ်ဆလင် အမျိုးသမီး၂ဦး၏ရုပ်အလောင်းနှင့် အသက်ရှင်လျက် မွတ်ဆလင်အမျိုးသား ၈ ဦးကို တွေ့ရှိခဲ့ကြောင်းပြီး ​ြသဂုတ်လ ၈ရက် ၃နာရီဝန်းကျင်က အမျိုးသမီး၁ဦး၏ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။

"ရသေ့တောင်က မွတ်ဆလင် ၅၀ ကျော်တင်လာတဲ့ စက်လှေတိမ်းမှောက်တာလို့ပဲသိထားပါတယ်။ ပျောက်နေတဲ့ထဲမှာ အမျိုးသမီး အလောင်း ၂လောင်းနဲ့ အသင်ရှင်တဲ့အမျိုးသား ၈ဦးကို မနေ့က တွေ့ပါတယ်။ ဒီနေ့ ညနေ ၃နာရီဝန်းကျင်မှာ အမျိုးသမီး ၁ဦးအလောင်းကို ထပ်တွေ့ပါတယ်။ကျန် ၄၀ ကျော်ပျောက်ဆုံးနေတာကြောင့် ရှာဖွေတာတွေဆောင်ရွက်နေပါတယ်"ဟု ရွှေရောင် မေတ္တာဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးကဆိုသည်။

သေဆုံးခဲ့သူ အမျိုးသမီးများ၏ရုပ်အလောင်းကို ရွှေရောင် မေတ္တာဖောင်ဒေးရှင်းမှ စစ်တွေပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#local_news
#Published_ 8 August 2023
#YMG #Yangon_Times