#Local_News
Published- 6-8-2023

ယနေ့ ဩဂုတ်လ (၆ )ရက် နံနက် ၇ နာရီ ဝန်းကျင်အချိန်က မုဒုံမြို့အနီး ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

 

တိမ်းမှောက်သည့် ခရီးသည်တင်ယာဉ်အတွင်း လိုက်ပါလာသည့် ခရီးသည် (၁၃)ဉီးမှာ အသက်အန္တရာယ်မစိုးရိမ်ရဘဲ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည်ဟုဆိုသည်။

 

အဆိုပါ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် " ခရီးသည်များ ပြင်းထန်ထိခိုက်မှုမရှိခဲ့ဘဲ ပွန်းပဲ့ဒဏ်ရာမျှသာရရှိခဲ့တာကြောင့် အသင်းက ဆေးထည့်ကူညီခဲ့ပြီး ကားဆွဲဝိုင်းဝန်းကူညီပေးခဲ့တယ်" ဟု ရေးသားဖော်ပြထားသည်။

 

ယင်းဖြစ်စဉ်သည် ရန်ကုန်မြို့မှ ရေးမြို့သို့ မောင်းနှင်လာသောခရီးသည်တင်ယာဥ်သည် သံဖြူဇရပ်-မော်လမြိုင်လမ်းမကြီး၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာနှင့် ကွာန်လှာကျေးရွာအကြား လမ်းချော်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။

 

#ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်
#YMG/my
#Yangon_Times