Published-7-8-2023

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ကချင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမှုဟာ အကောင်းဆုံး ဘောလုံးပွဲတစ်ပွဲဖြစ်ရမယ်လို့ လာရောက်အားပေးမယ့်ပရိတ်သတ်ကို အသင်းကိုယ်စား ကတိပြုပြောဆိုလိုက်ပါတယ်။

ပြိုင်ပွဲမစတင်မီ သုံးရက်တာလေ့ကျင့်မှုမှာလည်း အချိန်တိုတောင်းပေမယ့် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ကချင်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကို ဒီနေ့ ဩဂုတ် ၇ ရက် ညနေ ၃:၃၀ နာရီအချိန်မှာ YUSC ကွင်း မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဒီနေ့ပွဲစဉ်ကို MNL Youtube Channel ကနေလည်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ နည်းပြအသစ်ဂတ်ဇီရဲ့ ကိုင်တွယ်မှုအောက်ကနေ ဘယ်လို ပွဲထွက်လာမလဲ ဘယ်လို ကစားကွက်တွေနဲ့ ကစားမှာလဲဆိုတာကို သေချာစောင့်မျှော်အားပေးကြပါလို့ YUSC အသင်း ဆိုထားပါတယ်။
YMG/my
#Local_News
#Yangon_Times