#Local_News
Published-6-8-2023

Level 4 အဆင့် မီးလောင်ကျွမ်းခဲ့သော မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ရှိ  အမှတ် (၉) အခြေခံပညာအထက် တန်း‌ကျောင်း ပြန်လည်ဆောက်လုပ်ရန် ကျပ်သိန်း (၅၀၀)ခန့် ရရှိပြီဖြစ်ကြောင်း ယင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံက သိရသည်။

 

အဆိုပါ လှူဒါန်းငွေကို ကျောင်းသားဟောင်းများ၊ ကျောင်းသားမိဘများနှင့်စေတနာရှင်များက ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မိဘဆရာအသင်းသို့ လာရောက်လှူဒါန်းသောစာရင်းအရ သိရသည်။

 

အဆိုပါ ကျောင်းမီးလောင်မှုသည် ဩဂုတ်(၃) ရက်နေ့ ည ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊  ဩဂုတ်(၄) ရက် နံနက် ၂ နာရီ ဝန်းကျင်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

မီးလောင်ကျွမ်းမှုအတွက် ရေဂါလံစုစုပေါင်း (၆၀၀၀၀) ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရခြင်းဖြစ်ကာ မီးလောင်ပြင်သို့ မီးသတ်ရေသယ်ယာဉ် ၁၀ စီး၊ မီးသတ်ယာဉ် ၄ စီး၊ ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့ယာဉ်များ၊ ပြင်ပရေသယ်ယာဉ်များအပါအဝင်စုစုပေါင်း ယာဉ်စီးရေ (၃၀)ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 

အဆိုပါ ကျောင်းသည် နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်ကျော်သက်တမ်းရှိပြီး၊ မော်လမြိုင်မြို့၌ ပထမဆုံးပေါ်ထွန်းခဲ့သော အမျိုးသားပညာအထက်ကျောင်း တစ်ကျောင်းလည်းဖြစ်သည်။

 

#YMG/my
#Yangon_Times