#Local_News
Published-6-8-2023

အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့ ASEAN Online Sale Day (AOSD-2023)ကို ဩဂုတ် (၈) ရက်မှ (၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များကို ပါဝင်ရန် ဖိတ်ခေါ်ထားရှိကြောင်း သိရသည်။

 

လုပ်ငန်းရှင်များဖိတ်ခေါ်ရာတွင် e-Commerce လုပ်ငန်းများ၊ Online ဖြင့် ဆောင်ရွက်လျက်ရှိသည့် SME/MSMEs လုပ်ငန်းများကို ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး၊ အသေးစိတ်အချက်အလက်များဘသိရှိလိုပါ၀၆၇-၄၀၈၆၇၀/၀၆၇-၄၀၈၄၈၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးထားသည်။

 

ASEAN Online Sale Day ပြုလုပ်ရခြင်းသည် အာဆီယံနိုင်ငံများအချင်းချင်းအကြား e-Commerce ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်စေရန် ရည်ရွှယ်လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

ထို့အပြင်  ဒေသတွင်းရှိနယ်စပ်ဖြတ်ကျော် e-Commerce ကို အားပေး ကူညီရန်၊ e-Commerce တွင် စားသုံးသူယုံကြည်မှုပိုမိုတိုးတက်လာစေရန်၊ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား တစ်ခုဖြစ်သော e-Commerce ၏ အခန်း ကဏ္ဍကိုပိုမို အားဖြည့်ပေးရန်နှင့် အာဆီယံနိုင်ငံများ၏ e-Commerce စီးပွားရေးလုပ်ငန်းများ SME/MSMEs နှင့် စားသုံးသူများအတွက် အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။

 

ASEAN Online Sale Day အား ၂၀၂၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ရာ ယခုအခါ (၄) နှစ်မြောက်ရှိခဲ့ပြီဖြစ်သည်။

 

#YMG/my
#Yangon_Times