#Local_News
Published-6-8-2023

တစ်နိုင်ငံလုံးတွင် EV ကားများအတွက် လျှပ်စစ်အားသွင်းနိုင်မည့်နေရာ(Charging Station) များကို ရှေ့ပြေးစီမံကိန်း (Pilot project) ဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ယခုအခါ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဩဂုတ် လ (၄)ရက် မှ ယနေ့ ဩဂုတ် (၆)ရက်အထိ လျှပ်စစ်ကား (EV) ပြပွဲပါဝင်သည့်
၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်ကို ကျင်းပပြုလုပ်လျက်ရှိသည်။

 

အဆိုပါ EV ကားပြပွဲတွင်  တရုတ်နိုင်ငံထုတ် EVကားအမျိုးအစားများဖြစ်သည့် BYD၊ VOYAH၊ MG5၊ ATTO ၊ KAIYI ကားအပြင် NETA u pro အမျိုးအစားများကို ပြသထားသည်။

 

လက်ရှိတွင် ယင်း EV ကားများကို  ကြို တင်မှာယူငွေ သိန်း (၅၀) ပေးသွင်း၍ ဝယ်ယူနိုင်ကြောင်း သိရသည်။

 

"အစိုးရက တစ်နိုင်ငံလုံးမှာ EV ကားအတွက် Charging Station တွေကို ဒီနှစ်အကုန်အထိ Pilot project နဲ့ဆောင်ရွက်နေတာဖြစ်တဲ့အတွက် EVကားက ဝယ်ယူစီးသင့်တယ်" ဟု NETA အမည်ရှိ EVကား အရောင်းပိုင်းတာဝန်ခံတစ်ဦးပြောသည်။

 

ထို့အပြင် အဆိုပါပြပွဲတွင် လျှပ်စစ်  EV သုံးဘီးဆိုင်ကယ်များကိုပါ ထည့်သွင်းပြသထားပြီး၊ မော်ဒယ်များအလိုက် XT, TL5, TI 150D, CX,WH စသည့် အမျိုးအစားများကို ထည့်သွင်းပြသထားသည်။

 

လျှပ်စစ်သုံးဘီးဆိုင်ကယ်များတွင် လူစီးသီးသန့်နှင့် ကုန်တင်ဆိုင်ကယ်သီးသန့် နှစ်မျိုး ပြသထားသည်။

 

ထို့အပြင် ပြပွဲအတွင်း ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် (၂၉)ဇုန်က ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၊ MSMEs ထုတ်ကုန်ပစ္စည်းများကိုလည်း ထည့်သွင်းပြသထားကြောင်း သိရသည်။

 

#YMG/my
Yangon_Times