ဩဂုတ်-၁၊၂၀၂၃


ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အားဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီ တော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ် တော် မဟာမင်္ဂလာအခမ်းအနားများကို ယနေ့ဩဂုတ်(၁)ရက် နံနက်ပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံ တော်အတွင်းရှိ သတ်မှတ်နေရာများ၌ ကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးဩဝါဒါစရိယ ဆရာတော်ကြီးများ ဖြစ်တော်မူ သည့် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင် သာသနာပိုင် ဆရာတော်၊ သီတဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်း တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော် အပါး ၉၀၀၊သာသနာနွယ်ဝင် သီလရှင် ဆရာကြီး အပါး ၂၀ တို့ကြွရောက် ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ မိသားစုဝင်များနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊နစက ကောင်စီဝင်များ၊ ပြည်ထောင် စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ နှင့်ဓမ္မမိတ်ဆွေများ၊ ဝတ်အသင်းအဖွဲ့ များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညို ပူဇော်ခဲ့ ကြပါတယ်။


ဦးစွာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ် ဆွမ်းတော်၊ ရွှေကြာသင်္ကန်း တော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။


အဲဒီနောက် သံဃာတော် ၈၅၅ ပါးတို့အား ရင်ပြင်တော်ပေါ်ရှိ သံဃာတော်မဏ္ဍပ်ကြီး ၄ ဆောင်သို့လည်းကောင်း၊ အနေကဇာတင်ပူဇော်နိုင်ရေးအတွက် ပါဠိဆရာတော်အမှူး ပြုသော သံဃာတော် ၁၂ ပါးတို့အား မုစလိန္ဒနှင့် သာသနာ့ဗိမာန်တော်သို့လည်းကောင်း၊ မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးမည့် ဆရာတော် ၅ ပါးတို့အား မာရဝိဇယ ကျောင်းတော်သို့လည်းကောင်း၊ မဟာထေရ် ၉ ပါးတို့အား ထေရာသနနေရာသို့လည်း ကောင်း ဥပါသကာများက ပင့်ဆောင်ကြပြီး မင်္ဂလာဘိသိက်ပန်း၊ အောင်တံခွန်၊ အောင်ကုက္ကားများ ဆက်ကပ်ကြပါတယ်။


ဆက်လက်ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ မာရဝိဇယဗုဒ္ဓပူဇာဓမ္မတေးဖြင့် ပူဇော်၍ မင်္ဂလာငွေခရုနှင့် အောင်စည်အောင် မောင်း သုံးကြိမ်တီးခတ်ပူဇော်ကြပါတယ်။


နိုင်ငံရပ်ခြားမှ ကြွရောက်တော်မူကြသည့် ကမ္ဘောဒီးယားနိုင်ငံမှ သံဃာတော် ၆ ပါး၊ ထိုင်းနိုင်ငံမှ သံဃာတော် ၁၁ ပါး၊ နီပေါနိုင်ငံမှ သံဃာတော် ၁၀ ပါး ၊ ဗီယက်နမ်နိုင်ငံမှ သံဃာတော် ၁၁ ပါး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာတော် ၁၀ ပါး၊ လာအိုနိုင်ငံမှ သံဃာ တော် ၆ ပါး၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော် ၁၁ ပါးနှင့် အိန္ဒိယနိုင်ငံမှ သံဃာတော် ၅ ပါး၊ တို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါ ဘိသိက် သွန်းတော်မူကြပါတယ်။


အဲဒီအပြင် ပြည်တွင်းမှ ကြွရောက်ချီးမြှင့်တော်မူကြသည့် သံဃာတော်များက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဒါန်းပါဠိတော်လာနည်းအတိုင်း ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပါတယ်။


အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် ကျောက်စာရုံစေတီများအား ရွှေထီးတော်တင်လှူပူဇော်ခြင်းအစီအစဉ်ကို ဆက်လက် ကျင်းပရာ ဘုရားဒါယကာ၊ ဒါယိကာမများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နား တော်တို့ကိုပင့်ဆောင်၍ မင်္ဂလာ မော်ကွန်းကျောက်စာရုံစေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ကာ အပူဇော်ခံနေရာသို့ ပို့ဆောင်ကြပါတယ်။


ဆက်လက်ပြီး ဆရာတော်ကြီးများက ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ - ဂါထာ၊ သဗ္ဗီတိယော ဝိဝဇ္ဇန္တု- ဂါထာနှင့် ဘဝတု - သုံးဂါထာတို့ကို ရွတ်ဆို၍ မေတ္တာပြုပူဇော်ကြပြီး ဘုရားဒါယ ကာ၊ ဒါယိကာမများက ရတနတ္တယပူဇာဂါထာနှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာ နှစ်ပိုဒ် ကို သံပြိုင်ညီညာရွတ်ဆိုပွားများ ပူဇော်ကြပါတယ်။

အဲဒီနောက် ဆရာတော်ကြီး ၃ ပါး၊ ဦးဆောင်ဘုရားဒါယကာနှင့် ဘုရားဒါယကာ များက စေတီတော်အထွတ်ငြမ်းထက်သို့ တက်ရောက်နေရာယူပြီးချိန်တွင် အရံစေတီ တော် ၄ ဆူနှင့် ကျောက်စာရုံစေတီ အဆူ ၇၂၀ တို့အား ရွှေထီးတော် တင်လှူကြမည့် အလှူရှင် ဘုရားဒါယကာများကလည်း စေတီတော်အထွတ်ငြမ်းထက်သို့ ဆက်လက် တက်ရောက်နေရာယူကြပါတယ်။


မင်္ဂလာအခါတော်ကျရောက်တဲ့အခါ ဦးဆောင်ဘုရားဒါယကာက ရွှေထီးတော်ဘုံအဆင့်များ၊ ရတနာငှက်မြတ် နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို အစဉ်အတိုင်း တင်လှူပူဇော်ပြီး စေတီတော် အထွတ်တွင် သာသနာ့အောင်လံတော်ကို လွှင့်ထူပူဇော် ကြပါတယ်။


အဲဒီအပြင် အလှူရှင် ဘုရားဒါယကာများက အရံစေတီတော် ၄ ဆူနှင့် ကျောက်စာရုံ စေတီတော်များအား ရွှေထီးတော်များ တင်လှူပူဇော်ကြပြီး ရွှေထီးတော်မြတ်များအား ပရိတ် နံ့သာရေ၊ တရော်ကင်ပွန်းရေ၊ ရေစင်ရေသန့်တို့ဖြင့် ပက်ဖြန်းသန့်စင် သွန်းလောင်း ပူဇော်ခဲ့ကြပါတယ်။


ယင်းနောက် အခမ်းအနားအစီအစဉ် တတိယပိုင်းအဖြစ် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်း အစီအစဉ်ကို အဂ္ဂါ ဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ရာ တက်ရောက်လာသည့် ဧည့်ပရိသတ်များက အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့အကျိုးတော်ဆောင် သန်လျင် မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်၊ ရတနာသုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြပါတယ်။


အစီအစဉ်အရ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားပါတယ်။အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီးတို့က သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဉာဏ်တော် ၉ လက်မရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ဆိုင်ရာ သာသနိက အဆောက် အအုံတော်တို့ကို သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ သံဃာတော်များထံ သာဟတ္ထိက ဒါနမြောက်ကိုယ်တိုင်လက်ရောက် ဆက်ကပ် ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ်။


အဲဒီနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မဟာ မင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။