#Local_News
Published_ 2 August 2023


တောင်အာဖရိကအခြေစိုက် အာဆီယံနိုင်ငံသံရုံးများ၏ အာဆီယံ-ပရီတိုးရီးယား ကော်မတီ လစဉ်ပုံမှန်အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံ သံအမတ်ကြီးက ဦးစီး၍ ဇူလိုင် ၃၁ ရက်က ထိုင်းနိုင်ငံသံရုံး၌ ကျင်းပခဲ့ရာ အာဆီယံနိုင်ငံ သံရုံးအကြီးအကဲ များနှင့်အတူ မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

အစည်းအဝေး၌ အာဆီယံ-ပရီတိုးရီးယားကော်မတီနှင့် တောင်အာဖရိကအစိုးရ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရ အဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် သံတမန်ရေး၊ ပညာရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ၂၀၂၃ ခုနှစ် ဒုတိယ ၆ လ တာ ကာလအတွင်း ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား သံရုံးအကြီးအကဲ များက ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

 

အစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံသံအမတ်ကြီးဦးစီး၍ အသစ်ပြောင်းရွှေ့ ရောက်ရှိလာတဲ့ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးအား နေ့လယ်စာဖြင့် ကြိုဆိုတည်ခင်း ဧည့်ခံခဲ့ရာ အာဆီယံ-ပရီတိုးရီးယား ကော်မတီ၏ သံရုံးအကြီးအကဲများ၊ တောင်အာဖရိက နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ခေတ္တ ဒုတိယညွှန်ကြားရေးမှူးချုပ် Ambassador Zodwa Lallie နှင့် Asia & Middle East ဌာနခွဲမှ Chief Director Ms. Sindiswa Mququ တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

 

#ygm_mnn #Local_News
#Yangon_Media_Group #အာဆီယံသံရုံးများ အစည်းအဝေး